Channel Myanmar

Poal Cairo

Trunk: Locked In (2023) 5.5
Trunk: Locked In (2023)  ဒီတစ်ခါ ဂျာမန်စကားပြော ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာnomination တွေများစွာ ရထားတဲ့ ဂျာမန်လူမျိုး ဒါရိုက်တာမာ့ခ်ရှီးဆာက ရိုက်ကူးထားတာပါ။ ကလောက်စထရိုဖိုဘီယားရှိတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးက တကယ့်အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေမှာပါ။ ဇာတ်လမ်းအကျဉ်း**************မယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက် ရည်းစားနဲ့ခရီးထွက်သွားခဲ့တယ်။ သူသတိရလာချိန်က မောင်းနေတဲ့ကားတစ်စီးရဲ့ နောက်အဖုံးထဲမှာ ရောက်နေပါပြီ။မေ့ဆေးထုံဆေးတွေ အပေးခံထားရပြီးတော့ ခြေထောက်တွေလှုပ်မရပြုမရနဲ့ သတိထားမိချိန် ကျောက်ကပ်တစ်လုံးပါ အထုတ်ခံထားရတာ သိလိုက်ရတယ်. သွေးတစိမ့်စိမ့်ထွက်နေတဲ့ ဒဏ်ရာရထားပြီးတော့ အကူအညီမဲ့နေတဲ့ မယ်လီနာတစ်ယောက်ကံကောင်းတာက သူ့လက်ကိုင်ဖုန်းက သူနဲ့အတူ ရှိနေသေးတာပါပဲ။အစ်မဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်းပေမယ့်မယုံကြည်ဘဲ နောက်ပြောင်နေတာထင်ပြီး အရေးမလုပ်ပါဘူး။မယ်လီနာ တစ်ယောက် ဒီလိုအခြေအနေကနေ လွတ်မြောက်အောင်လုပ်မလဲ။ သူဒီလိုဖြစ်ခဲ့တာကရော ဘယ်သူ့ကြောင့်လဲ။ဇာတ်ကားတစ်ခုလုံးက ကားနောက်ဖုံးတစ်ခုအောက်မှာပြီးသွားသလို ဆိုပေမယ့် ကြည့်ရှုသူကို ဇာတ်ကောင်နဲ့အတူလိုက်ပါစီးမြော ထိတ်လန့်ခံစားမှု ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ ဆိုပါရစေ။ File size…1.61GB / 661MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. ...
movie

Trunk: Locked In (2023)

[18+] Zillion (2022) 7.4
[18+] Zillion (2022) IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး ...
movie

[18+] Zillion (2022)