Channel Myanmar

Poppy Wigglesworth

The Duchess (2008) 6.9
The Duchess (2008)  Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie

The Duchess (2008)