Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pradeep Nagar
7.6
Highway (2014)
Highway Hindi Movie(2014) လမ်းမများရဲ့ဟိုမှာဘက်အိမ်ပြန်ဖို့လမ်းတွေဟာ လူတိုင်းရဲ့ဘဝကိုယ်စီအတွက် အရေးပါလှတာကို အားလုံး လက်ခံနိုင်လောက်ပါမည်။လှို င်းတွေပြေး | ရေတွေဖွေးနေသည့် ရေပြင်ထက်ဝေဆီကနေလား။နွေဦးလေပွေတွေ သုန်သုန်ဖြူးလိုက်တိုင်း ဖုန်တွေ။သစ်ရွက်ခြောက်တွေနှင့် ပလူပျံနေသော မြေနီလမ်းကလေးကနေလား။အိမ်ပြန်စရာလမ်းမတွေက အတွေးနှင့်ပုံဖော်ရလိုက်သည်မှာတင် ကြည်နူးစရာကောင်းလွန်းလှပါသည်။လမ်းမ၏အဆုံးတွင် မွေးချင်းပေါက်ဖော်တွေ ရှိကောင်းရှိမည်။ချစ်သူသက်ထားနှင့်သားငယ်သမီးငယ်တွေရှိကောင်းရှိမည်။အိပ်တန်းပြန်ငှက်ငယ်တွေနှင့်အတူ ပျံသန်းလာသည့် အိမ်ပြန်သူကို ကြို ဆိုကြမှာ သေချာသည်။ဗီရာ၏ အိမ်ပြန်လမ်းကလေးကတော့ ယင်းသို့မဟုတ်နိုင်ချေ။လှောင်အိမ်ထဲကနေသာ အဟုန်ပြင်းသောတောင်ပံခတ်သံတွေနှင့် အသောနှင်လိုသော ငှက်ငယ်မလေးဖြစ်လို့နေလေသည်။အိမ်ပြန်လမ်းကလေး၏ ဝေးရာဘက်ဆီကိုသာ ရှာဖွေနေသူဖြစ်ပါသည်။ခုတော့ ရွှေလှောင်အိမ်ကြီးထဲကနေ ထွက်ခွာပျံသန်းဖို့ မပြောနှင့်။ယခုထက် ခိုင်ခန့်ကျယ်ဝန်းရာဆီကို ထပ်မံအကျဉ်းချဖို့ တာစူလာပြန်ပါပြီ။ဘယ်မှာလဲ။ငှက်ကလေး၏ အဇဋာပြင်ကျယ်က ဘယ်မှာလဲ။ကျယ်ဝန်းလှသည့်ကမ္ဘာ။စိမ်းနေသောတောအုပ်။ရေပြာပြာ။ကလေးငယ်များ၏ ရယ်သံခိုးခိုးခစ်ခစ်။ပန်းပွင့်ပေါ်တောင်ပံခတ်နေသောလိပ်ပြာ။သဘာဝတရား၏အလှသည် သူမ၏အကျဉ်းစံအိမ်နှင့် တပါဒစီခြားကာ ဒဏ်ခတ်ပိတ်ပင်ထားလေတော့မည်။တညသားမှာတော့ ကြမ္မာတရား၏ စေ့ဆော်မှုကို ကြုံလိုက်ရလေသည်။ဗီရာ၏ လက်ထပ်မည့်သတို့သားလောင်းနှင့်အတူ စီးနှင်လာသောကားကလေးအား ဟိုက်ဝေးလမ်းမတစ်နေရာက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေစဉ်၌ ဓါးမြများ၏ စီးနင်းတိုက်ခိုက်မှုအား ကြုံ လိုက်ရတော့သည်။ဗီရာ၏ သတို့သားလောင်းကလည်း သတ္တိနုံနဲ့သူတစ်ဦး ဖြစ်သည့်လျော်စွာပင် ကယ်တင်ခြင်းမပြု ခဲ့။ယင်းသို့်ဖြင့် ...
movie
Highway (2014)
HEVC 1080p