Channel Myanmar

Pranjal Pateriya

Laapataa Ladies (2023) 7.3
Laapataa Ladies (2023) Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ) IMDb 8.4ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်း ဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့ 216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလို ယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလို ဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့ နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ်နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.16GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar ...
movie

Laapataa Ladies (2023)

2023
Vadh(2022) 7.3
Vadh(2022) Vadh (2022)IMDb-7.4/10အိန္ဒိယကားတွေက ကခုန်ခြင်း မင်းသားရဲ့ အိုဗာပါဝါတွေနဲ့ နာမည်ကြီးသလို ဒရမ်မာဇာတ်ကားတွေ ရိုက်တဲ့နေရာမှာလဲ မညံ့ကြောင်း 3 idiots တို့ PK တို့ Super 30 တို့လိုဇာတ်ကားတွေမှာလဲ တွေ့နိုင်မှာပါယခုဇာတ်ကားက အိန္ဒိယကားထဲမှာ ရှားရှားပါးပါး Thriller အမျိုးအစားပါ Thriller ကိုမှ ရိုးရိုးစိတ်လှုပ်ရှားရရုံတင်မက စိတ်မွန်းကျပ်လာအောင်ကို လုပ်တဲ့ အမျိုးအစားပါအသက်ကြီးကြီး ကျောင်းဆရာအိုကြီးနဲ့ သူ့မိန်းမဟာ သားကိုနိုင်ငံခြားပို့ဖို့အတွက် အကြွေးတွေယူခဲ့ပြီး အဲဒီအကြွေးတွေလည်ပင်းနစ် ဘဝပျက်နေတဲ့ အချိန်မှာ ကံဆိုးမသွားရာ မိုးကြိုးပါပစ်ချတဲ့ ဇာတ်လမ်းသွားက Thriller ဆိုတဲ့အတိုင်း တဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီး အဘိုးကြီးရဲ့မွန်းကျပ်မှုတွေနဲ့အတူ ဝင်ခံစားရင်း ထိုင်ရာမထကြည့်ဖြစ်သွားမှာမို့ ပရိသတ်ကြီးကိုလဲ လက်တို့ပေးလိုက်ပါတယ် File size…1.5GB / 719MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai Thu Rein ~ Nyein Aye
movie

Vadh(2022)

2022