Channel Myanmar

Presley Allard

Would You Kill for Me? The Mary Bailey Story (2023) 6.4
Would You Kill for Me? The Mary Bailey Story (2023)  သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary BaileyStory ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလားဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကိုပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီးတစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက်သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကိုနောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေးဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကိုစိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.58GB / ...
movie

Would You Kill for Me? The Mary Bailey Story (2023)

Sorry About the Demon (2023) 4.9
Sorry About the Demon (2023) Sorry About the Demon (2023) =======================သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာ နေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။ နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအ သစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံ တွဲတွေပါ။ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲ ကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူး နေတဲ့ အိမ်ကြီးတစ်အိမ်မှာ ‌နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်း နေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ ...
movie

Sorry About the Demon (2023)