Channel Myanmar

Priscilla Faia

Calamity Jane (2024)
Calamity Jane (2024)  ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီးတစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲကကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ။အထက်မှာပြောခဲ့တဲ့အတိုင်းပဲ အဲ့လိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကလမ်မတီဂျိန်းဆိုတဲ့အမျိုးသမီးရဲ့ ယောက်ျားကို ဖဲဝိုင်းတစ်ဝိုင်းမှာစကားများပြီးလူတစ်ယောက်က သတ်လိုက်တာကိုသိလိုက်ရတဲ့အခါမှာတော့ရေဆုံးမြေဆုံးထိ လိုက်ပြီးပြန်လည်လက်စားချေပုံတွေ သူ့ဘ၀ရဲ့ဘ၀ဇာတ်ကြောင်းအစုံအလင်ကို သေနတ်ပစ်ခန်းတွေအများအပြားနဲ့ကြည့်ရှုရမဲ့အက်ရှင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.69GB / 716 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Calamity Jane (2024)