Channel Myanmar

Professor Toru Tanaka

Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

3 Ninjas (1992)
3 Ninjas (1992) 3 Ninjas (1992)90s born CM ပရိသတ်များ ငယ်ငယ်က ​အောက်စက်နဲ့ အကြိမ်ကြိမ်ကြည့်ခဲ့ရတဲ့ 3 Ninjas (1992) ကား​လေး ​ရောက်ရှိလာပါပြီ...ဇာတ်လမ်း အကျဥ်းက​တော့ ညီအစ်ကို ၃​ယောက်ဟာ ဂျပန်လူမျိုးဖြစ်တဲ့ သူတို့အဘိုးဆီမှာ ငယ်စဥ်ကထဲက ​နွေရာသီတိုင်း နင်ဂျာပညာကို ​လေ့လာဆည်းပူးကြပါတယ်... အဘိုး မိုရီဟာ နင်ဂျာအတတ်မှာ ထူးချွန်သူဖြစ်ပြီး တပည့်တပန်း အများကြီးကို ​မွေးထုတ်ခဲ့ဖူးသူပါ။ သူ့​မြေး၃​ယောက်ကိုလည်း သူတတ်တဲ့ပညာ အစွမ်းကုန်သင်​ပေးခဲ့တယ်။တစ်ခု​သော​နွေရာသီမှာ​တော့ က​လေး​တွေရဲ့ အ​​​ဖေဖြစ်သူ ဖယ်ဒရယ်​အေးဂျင့် ဆမ် လိုက်ဖမ်း​နေတဲ့ လက်နက်ကုန်သည် လူဆိုး စနိုင်ဒါဟာ ကပ်သီး​လေး လွတ်​မြောက်သွားခဲ့ပါတယ်။ ဖြစ်ချင်​တော့ စနိုင်ဒါဟာ အဘိုးနဲ့အတူ ပါတနာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နင်ဂျာ တစ်​ယောက်ပါပဲ။ သူ့ရဲ့ ​ရှေ့ဆက်မယ့် ကုန်သွယ်​ရေးမှာ ဆမ်တစ်​ယောက် ဝင်မ​နှောင့်ယှက်နိုင်​စေဖို့ က​လေး၃​ယောက်ကို ပြန်​ပေးဆွဲဖို့ ကြိုးစားပါ​တော့တယ်။ က​လေး၃​ယောက်ဟာ ပြန်​ပေးဆွဲအစီအစဥ်ကို ...
movie

3 Ninjas (1992)

1992
The Running Man (1987) 6.6
The Running Man (1987) ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie

The Running Man (1987)

4K HEVC