Channel Myanmar

Prosenjit Chatterjee

Haami 2 (2022) 8.5
Haami 2 (2022) Haami 2 (2023)ဒီဇာတ်လမ်းလေးကတော့ IMDb 8.5/10 ရထားတဲ့ ကလေးဉာဏ်ကြီးရှင်ကားလေးပဲ ဖြစ်ပါတယ်။ သုံးတန်းတတ်နေတဲ့ အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေးသိဒ္ဓတ္ထကတော့ သင်္ချာနဲ့ပတ်သတ်ရင် အတွက်အချက်အရမ်းတော်ပြီးတော့ မှတ်ဉာဏ်လည်းအရမ်းကိုကောင်းတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ သူ့အသက်အရွယ်နဲ့မလိုက်တဲ့စာပေတွေကိုလည်း ဖတ်နိုင်နေပြီးတော့ သိပ္ပံကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သူ့ရဲ့အဖေကတော့ ကျောင်းဆရာလုပ်ချင်ပေမဲ့လည်း ဝင်ခွင့်မအောင်လို့ အရောင်းစာရေးလုပ်နေရတဲ့သူတစ်ယောက်ပေါ့။တစ်ရက်မှာတော့ သူ့ရဲ့ပညာအစွမ်းကို လူတစ်ယောက်က ဗီဒီယိုရိုက်ထားလိုက်ရာကနေ သူ့ရဲ့ အရည်အချင်းကို မြင်ပြီး ကလေးအနုပညာရှင်တွေစုဆောင်းတဲ့အေးဂျင့်ကနေလာပြီးတော့ သိဒ္ဓတ္ထလေးကို ဗီဒီယိုရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းပါတော့တယ်။ အဖေဖြစ်သူက သူ့သားကို အဲဒီလိုမလုပ်စေချင်ပေမဲ့လည်း အမေဖြစ်သူရဲ့ ဆန္ဒအရ သိဒ္ဓတ္ထလေးဟာ ဗီဒီယိုရိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကလေးလေးက နာမည်ကြီးလာပြီးတဲ့နောက် အရည်အချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲ...... ဉာဏ်ကြီးရှင်ကလေးလေးကို မိဘဖြစ်တဲ့သူတွေကရော ဘယ်လိုတွေ ထိန်းကျောင်းသွားမလဲ...... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Haami 2 (2022)

2023
Chokher Bali (2003) 7.0
Chokher Bali (2003) Chokher Bali (2003)ဒီကားက အရှ်ရိုက်ဖူးတဲ့ တခြားဇာတ်ကားတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ စရိုက်မျိုးကို မြင်တွေ့ရမှာပါ...ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးမှ ယောက်ျားဖြစ်သူဆုံးသွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင်အောင်ပုံဖော်ထားတဲ့ ကားလေးပါ...ရှေးယခင် အိန္ဒိယမှာက လင်သေသွားရင် မယားကို လင်နဲ့အတူမီးရှို့သတ်ပစ်တာ နောက်အိမ်ထောင်ပြုလို့မရတာ ဟိုဟာမစားရ ဒီဟာမစားရ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ စတဲ့ အယူသည်းမှုတွေရှိခဲ့တယ်...ဒီဂယက်က လွတ်လပ်ရေးမရခင် အစောပိုင်းကာလတွေအထိကို ရိုက်ခတ်လာခဲ့ပါတယ်..ဘီနိုဒီနီဆိုတဲ့ လုံမပျိုလေးကတော့ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ယောက်ျားဖြစ်သူဆုံးပါးသွားလို့ မုဆိုးဖြစ်ခဲ့ရပါတယ်..အရွယ်ကောင်းတုန်းမှာ လင်ယောက်ျားမရှိတဲ့အတွက် စိတ်ခံစားချက်ပေါင်းများစွာနဲ့ ခန္ဓာကိုယ်ရဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရပါတယ်...ဒီလိုနဲ့ သူမဟာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ စိတ်ခံစားချက်တွေ ဖလှယ်မိလာတဲ့အခါ...။မျက်ကန်းနွံထဲ ခြေစုံပစ်ခဲ့ရပုံတွေကို ဒီဇာတ်ကားမှာ သေသေသပ်သပ် ဖေါ်ပြပေးထားလို့ အမြင်ကျယ်စေမှာအမှန်ပဲ ဖြစ်ပါတယ်နော်... File size…2.4GB / 1.01GB Quality…1080p WEB RIP / 720p WEB RIp Format…Mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Chokher Bali (2003)