Channel Myanmar

Pujita Ponnada

Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Akasha Veedullo (2022) 7.8
Akasha Veedullo (2022) Aakasa Veedhullo (2022) IMDb 7.8/10မောင်လေးနဲ့မမဇာတ်လမ်းကြိုက် ပရိတ်သတ်ကြီးတွေအတွက် စောင်ကိုက်ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးလာပါပြီရှင် မင်းသမီးချောလေးPujita Ponnada ပါဝင်သရုပ်ဆောင်ထားပြီး Rating အပျံ့စားနဲ့ရိုမန့်ကားလေးတစ်ကားပဲဖြစ်ပါတယ်ဆစ်ဒူးကတော့ ဂီတကိုရူးသွပ်တဲ့လူ ဂီတလောကထဲဝင်ရောက်ဖို့ အရာရာပစ်ချခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့လူပေါ့ သီချင်းတွေကလည်းတစ်ပုဒ်ဆို တစ်ပုဒ်အလျောက်.. လူငယ်တွေအတွက်တော့ သူက Rock Star သူ့ပွဲတွေတိုင်း လူတွေကြိတ်ကြိတ်တိုးတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမဲ့ သူဒီအလုပ်ကနားလိုက်တာ ၄နှစ်တောင်ရှိနေပါပြီတဲ့ ဒါကဘာလို့များလဲ...သူ့အချစ်ရေးကိုပြောရရင်လည်း မမနဲ့စတွေ့ပုံက ဆေးလိပ်မသောက်တတ်သောက်တတ်နဲ့ စမ်းသောက်တဲ့၂၂နှစ်အရွယ်ဆစ်‌ဒူးကို ၂၅နှစ်မမက သင်ပေးတာကစပါတယ် မိုးမမြင်လေမမြင်ချစ်ကြတဲ့ ဒီ မနဲ့မောင်အတွဲလေးရော ကြာရှည်ခံပါ့မလား ဆစ်ဒူးတစ်ယောက် သူ့ရဲ့ဂီတလောကထဲကိုပြန်သွားနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူကတော့ Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni~BpL~YH~Aditiတို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.15GB Quality…1080p WEB DL /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~YH~Aditi
movie

Akasha Veedullo (2022)

2022
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Rangasthalam (2018) 8.2
Rangasthalam (2018) Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie

Rangasthalam (2018)

2018
1080p HEVC
Miss India 2020 4
Miss India 2020 ဘ၀မှာယောကျာ်းသားတွေရဲ့အကူအညီမပါပဲအောင်မြင်မှုကိုအရယူချင်တဲ့မိန်းကလေးတွေအတွက် အကြီးအကျယ် motivateဖြစ်စေမဲ့ ဇာတ်ကား Miss India ဟာ အရမ်းကောင်းတဲ့အိန္ဒိယဇာတ်ကားလေးတစ်ကားပါ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မာနာဆာဆမ်မျူ့သာဟာ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်လေးတစ်ခုက သာမန်လူတန်းစားမိသားစုလေးကပါ ငယ်စဥ္ကတည်းကစီးပွားရေးကို၀ါသနာပါပီး ချစ်ရတဲ့အဘိုးရဲ့ဆုံးမစကားတွေအောက် မှာကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ် နောက်ပိုင်းမှာ ဆမ်မျူ့သာရဲ့အဖေက အယ်ဇိုင်းမားရောဂါရပီးအိမ်စီးပွားရေးအခြေအနေအလှည့်အပြောင်းဖြစ်ပီး USကို ရွှေ့ပြောင်းရပါတော့တယ် USရောက်ပီး နေယာနာနဲ့ ပရီတီဆိုတဲ့သူငယ်ချင်း၂ယောက်နဲ့စနောက်ရင်း ဗီဂျေးလို့ခေါ်တဲ့ကောင်လေးနဲ့စတင်တွေ့ဆုံခဲ့ပေမဲ့ ဘ၀မှာအောင်မြင်မှုမရှိသေးပဲလက် မထပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်လမ်းခွဲခဲ့ရပါတယ် စီးပွားရေးလုပ်ချင်တဲ့အိပ်မက ်ကြောင့်အိမ်ကနေထွက်ပီး ဘ၀ကိုတစ်ယောက်ထဲရုန်းကန်ပီးနောက်ဆုံးမှာ Miss Indiaဆိုတဲ့ လက်ဖက်ရည်brandကို USမှာအခြေချနိုင်ခဲ့ပါတယ် အရင်ကတည်းကနာမည်ကြီးခဲ့တဲ့ KSK ကော်ဖီကုမ္ပဏီပိုင်ရှင်သူဌေးကိုင်လက်ရှ်နဲ့စီးပွားပြိုင်တွေဖြစ်လာပီး နောက်ဆုံး ကိုင်လက်ရှ်က သူမရဲ့သူငယ်ချင်းနေယာနာနဲ့ပေါင်းပီး စီးပွားကျဆင်းအောင်ကြံစည်ကြပါတယ် ဒါပေမဲ့ သူဒီအခက်အခဲကရုန်းထွက်နိုင်အောင်ဘယ်လိုကြိုးစားပီးအောင်မြင်မှုကိုထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1.4 Gb / 700 Mb Quality… webrip 720p Format…mp4 Duration….02:16:00 Genre … Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie

Miss India 2020