Channel Myanmar

Punnavith Koy

A Serious Man (2009) 7.0
A Serious Man (2009)   IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie

A Serious Man (2009)

Memorial Day (2012) 6.1
Memorial Day (2012) Memorial Day (2012)================IMDb Rating - 6.1/10ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ‌ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အီရတ်မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။ ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။  စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက ...
movie

Memorial Day (2012)

2012
The Circle 2017 5.3
The Circle 2017 မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျှိုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ..... ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File Size    :   800 Duration   :   111 minutes Quality      : ...
movie

The Circle 2017

2017