Channel Myanmar

Qian Siyi

Civet Cat for Crown Prince ( 2022 ) 6.2
Civet Cat for Crown Prince ( 2022 ) ဘဝအခြေအနေချင်း လားလားမှမအပ်စပ်တဲ့ လူနှစ်ဦး မထင်မှတ်ဘဲ နေရာချင်းလဲသွားတာကနေ ဇာတ်လမ်းကစပါတယ်။ရွှီယိ ဟာအလုပ်ရောအချစ်ရေးမှာပါ ကံဆိုးမိုးမှောင်ကျနေတဲ့သူပါ။ အလုပ်ကလည်းငွေမရ၊ ချစ်သူကလည်းဖောက်ပြန်၊ အိမ်ငှားခလည်းပေးစရာမရှိ၊ လက်ထဲခြူးတစ်ပြားတောင်မူးလို့ ရှူစရာမရှိတဲ့ဘဝကြီးမှာ တိုက်ပေါ်ကခုန်ချဖို့ဖြစ်လာရင်း သူ့ဘဝဟာပြောင်းလဲဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။လုံရှန်း ကတော့နာမည်ကြီးဖောက်ထွင်းဝိဇ္ဇာဖြစ်ပြီး တကိုယ်တည်းလှုပ်ရှားနေပေမယ့်၊လူဆိုးဂိုဏ်းတွေကပါ ကြောက်ရတဲ့သူဖြစ်ပါတယ်။ တစ်ရက်မှာတာဝန်တစ်ခုကိုလုပ်ဆောင်ရင်း ထိခိုက်မှုဖြစ်ပြီး အတိတ်မေ့သွားခဲ့တယ်။ အဲ့ဒီမှာ လုံရှန်းနဲ့ရွှီယိတို့ နေရာချင်းလဲနေဖို့ အကြောင်းဖန်လာပါတော့တယ်။လုံရှန်းဟာလူရွှင်တော်ဖြစ်တဲ့ ရွှီယိဘဝမှာနေထိုင်ရင်း၊ ရွှီယွိကလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်ဆံနေရတဲ့ လုံရှန်းဘဝမှာနေထိုင်ရင်း ဘယ်လိုအလွဲတွေနဲ့ကြုံတွေ့ရမလဲ။ ဘယ်လိုပြဿနာတွေရော ပါဝင်ပတ်သက်လာမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Civet Cat for Crown Prince ( 2022 )