Channel Myanmar

Qian Yi

Off the Stage ( 2024 ) 5.8
Off the Stage ( 2024 ) ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ရိုးရာဇာတ်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတဲ့ နာမည်ကြီးဇာတ်မင်းသမီးတစ်ယောက် အောင်မြင်မှုရလာတာနဲ့အမျှ ယောက်ျားတွေနဲ့ ပွေလီဖောက်ပြန်တတ်လာပါတယ် အဆိုးဆုံးကတော့ ကလေးသုံးယောက်ကိုပစ်ပြီး ဇာတ်အဖွဲ့ကနေလည်းနှုတ်ထွက်ပြီး အပျော်နောက်ကို လိုက်သွားခဲ့တာပေါ့နော်သားသမီးတွေဒုက္ခရောက်နေချိန်မှာ တစ်ချက်ပြန်မလာဘဲ ငွေပဲပို့ပေးခဲ့တဲ့ အမေတစ်ယောက်ကို သူ့သားအကြီးဆုံးချိုးရှန်းကတော့ အရိုးထဲထိကို မုန်းနေခဲ့ပါတယ် သူ့အမေရဲ့လျစ်လျူရှုမှုတွေကြောင့် သူ့ညီမဖြစ်သူက စိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်၆နှစ်ကျခဲ့ရပါတယ်သူတို့အမေပြန်လာခဲ့တဲ့အချိန်ကတော့ သူမမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး မကြာခင်သေရတော့မယ်ဆိုတာကိုသိရတဲ့အချိန်ပဲဖြစ်ပါတယ် သူ့သားတွေကတော့ သူ့အမေပြောတာကို ဇာတ်မင်းသမီးပီပီ လီဆယ်ပြောတယ်လို့ပဲမှတ်ပြီး မယုံကြပါဘူးဒီကားလေးထဲမှာ အောင်မြင်မှုနွံထဲမှာ နစ်ခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့ မိသားစုဘဝကို နောက်ခံထားပြီး ဇာတ်ကဖို့ဆိုတာ နောက်ကွယ်‌မှာ အများကြီးကြိုးစားအားထုတ်မှု‌တွေရှိကြောင်းကို သနားစရာဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားတာဖြစ်လို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရှုချင်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ ကြည့်ရှုခံစားဖို့ CM ကနေတင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

Off the Stage ( 2024 )

The Invisible Guest ( 2024 ) 6.1
The Invisible Guest ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Invisible Guest ( 2024 )