Channel Myanmar

Quốc Huy

The Last Wife (2023) 6.2
The Last Wife (2023) The Last Wife (2023) (IMDb 6.2/10)ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုး သနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့် ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီး ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်... ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့ လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့.... ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင် ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများ တစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size… ...
movie

The Last Wife (2023)

2024
The Unborn Soul (2023) 5.3
The Unborn Soul (2023) The Unborn Soul (2023)ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ပထမဆုံးအမျိုးသမီး "ထောင်"ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ဒုတိယအမျိုးသမီး "ဖွန်း" ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။အညွှန်း နဲ့ ...
movie

The Unborn Soul (2023)

2023