Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rachel Fiona Marshall
4.2
It’s Just A Game 2018
သေနတ်တွေကိုယ်စီကိုင်ပြီး အဖွဲ့လိုက်ဖိုက်တင်းချနေတဲ့ အုပ်စု၂စုမှာ တစ်ဖက်က ခေါင်းဆောင်က တရားမျှတမှုကိုလက်ကိုင်ထားပြီး နောက်ခေါင်းဆောင် Taylor ကတော့ ကစားပွဲကို ညစ်ပြီး စည်းမျဉ်းတွေမလိုက်နာဘဲ နိုင်ဖို့သာ ဦးတည်နေခဲ့တယ်။ သူတို့ ၂ဖွဲ့ကြားက ပဋိပက္ခတွေထဲမှာ ဒီကစားပွဲကို မပါချင်ဘဲ ပါနေရသူကတော့ မွေးနေ့ရှင်လေး Ryan ပါ။ ကြောက်တတ်ပေမယ့် တရားမျှတမှုမရှိဘဲ သူတို့အဖွဲ့ရှုံးရတော့မှာကို သိတဲ့အခါမှာတော့ Ryan က အစ်ကိုဖြစ်သူကို ကစားပွဲထဲဝင်ပေးဖို့ ဖျောင်းဖျပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဖိုက်တင်းခန်းတွေ ကျည်သံဗုံးသံတွေထက် ကလေးဘဝကို ပြန်သတိရစေမယ့် ဇာတ်ကားလေးမို့ ငယ်စဉ်က သူငယ်ချင်းတွေနဲ့အတူ စစ်တိုက်တမ်းကစားခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြန်တမ်းတမိမှာတော့ အမှန်ပါပဲ။ အုပ်စုလိုက်တိုက်ပွဲတွေမှာ စိတ်ဒဏ်ရာရနေတဲ့ Ryan ရဲ့အကိုက Ryan တို့အဖွဲ့ကို ဝင်ကူပေးမှာလား ? Ryan တို့အဖွဲ့ကရော တရားမျှတစွာနဲ့ ပြိုင်ဆိုင်ရင်း ကစားပွဲကို အနိုင်ရမှာလား ? ဒီကစားပွဲရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲ ? စတာတွေကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်ရှုရင်း ကလေးတွေရဲ့ဘဝကြီးကို ပြန်တမ်းတကြည့်လိုက်ရအောင်။ File ...
movie
It’s Just A Game 2018