Channel Myanmar

Rachel Keefe

Sacrum Vindictae (2023)
Sacrum Vindictae (2023)  ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင်ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကိုအနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကိုပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီးသူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။သူ့အလုပ်ရှင်က မိန်းမနဲ့ကလေးတွေကိုသတ်တဲ့ လူတွေကိုမုန်းတဲ့လူဖြစ်ပြီးအဲ့လိုလုပ်ခဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့နုချ်ကိုတောင်ခိုင်းခဲ့ပါသေးတယ်။ဒါပေမယ့် အဲ့လိုမျိုးမုန်းတဲ့လူတစ်ယောက်က သူ့မိန်းမနဲ့သမီးသေဆုံးရခြင်းရဲ့အဓိကတရားခံဖြစ်နေခဲ့တဲ့အခါမှာတော့ နုချ်တစ်ယောက် ဘာတွေဆက်လုပ်မယ်ဘာတွေဆက်ဖြစ်မလဲ သူ့မိန်းမနဲ့သမီးအတွက်ရောလက်စားချေနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…420 MB Quality…WEB-DL 720p Format…mp4 Duration….1h 37m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Sacrum Vindictae (2023)

Holly and the Hot Chocolate (2022) 6.3
Holly and the Hot Chocolate (2022) Holly and the Hot Chocolate (2022) ========================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ မင်းသား Ryan Farrel နဲ့ မင်းသမီး Hanna Gaffney တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ် Fancy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ခရစ္စမတ်ကို နောက်ခံ ထားရိုက်ကူးထားတဲ့ကားလေးဖြစ်လို့ ပွဲတော်အကြောင်းတွေ၊ ပျော်စရာလေးတွေကိုတော့ ပေါပေါသီသီကိုမြင်တွေ့ရမှာဖြစ်ပါ တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းလေးတွေကြည့်ချင်တဲ့ သူတွေအတွက်ကတော့ တော်တော်လေး သင့်တော်မယ်လို့ထင်ပါ တယ်။ဒီဇာတ်ကားလေးထဲမှာကတော့ ပိုင်းဖောဆိုတဲ့ ပွဲတော်တွေကို အရမ်း ခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ကို စတင်ဖော်ပြထားပါတယ်။ မိန်းမ ဆုံးပါးသွားပြီးကတည်းက ခရစ္စမတ်ဆိုရင် လှည့်တောင်မကြည့်ချင် တော့တဲ့အပြင်၊ တစ်မြို့လုံးက အရမ်းကြိုက်နှစ်သက်ကြတဲ့ Hot Chocolate ကိုတောင် လုံးဝမထိတွေ့တော့တဲ့ ရူဒီနဲ့ တစ်ဖက်မှာလည်း ခရစ္စမတ်ဆိုရင် အရမ်းကိုပျော်တဲ့ဟော်လီတို့ နှစ်ယောက်ကြားက အချစ် ကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ဟော်လီက သူ(မ)ရဲ့ရည်းစားနေထိုင်ရာ ဘော်စတွန်ကိုအသွား လမ်းမှာ ကားမတော်တဆမှူဖြစ်ပြီး ရူဒီတို့မြို့လေးမှာသောင်တင်နေခဲ့ရာကနေစလို့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်မျှော်ရှုစားလိုက်ကြပါဦးခင်ဗျာ……….(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)File Size..........(1.07 GB) / (423 MB) Quality............WEB-RIP 1080p ...
movie

Holly and the Hot Chocolate (2022)

2022