Channel Myanmar

Rachel Stand

Ice Age: The Meltdown (2006) 6.8
Ice Age: The Meltdown (2006) ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size…  5.9 GB / 2.1 GB /  1 GB Quality… Web-DL  4K HDR ...
movie

Ice Age: The Meltdown (2006)

2006
4K HEVCHDR