Channel Myanmar

Rainer Sellien

Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)

Unknown (2011) 6.8
Unknown (2011) Unknown (2011) IMDb - 6.8/10_____Rotten - 55%  မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ  ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။ လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ် လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ် ဒါပေမဲ့ ...
movie

Unknown (2011)

2011