Channel Myanmar

Rajesh Kumar

Teri Baaton Mein Aisa Uljha Jiya (2024) 7.1
Teri Baaton Mein Aisa Uljha Jiya (2024) Teri Baaton Mein Aisa Uljha Jiya (2024) "ချစ်သူရဲ့ စကားသည်သာ..." IMDb - 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ...
movie

Teri Baaton Mein Aisa Uljha Jiya (2024)

2024
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)