Channel Myanmar

Rajiv Gupta

Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

Kanjoos Makhichoos (2023) 6.4
Kanjoos Makhichoos (2023) Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာ‌နေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye
movie

Kanjoos Makhichoos (2023)

2023
83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Bunty Aur Babli (2005) 6.2
Bunty Aur Babli (2005) Bunty Aur Babli (2005)IMDb Rating (6.2)မကြာသေးခင်က နောက်ဆက်တွဲဇာတ်ကားထွက်ရှိထားတဲ့ Bunty Aur Babli 2 (2021) ရဲ့ပထမဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ Bunty ခေါ် Rakesh အဖြစ် အမီတာဘချန်းကြီးရဲ့သား (Abhishek Bachchan) ခေါင်းဆောင်ပါဝင်ထားပြီး အမီတာဘချန်းကိုယ်တိုင်လဲ ရဲအရာရှိ DCP Dashrath Singh အဖြစ်အားဖြည့်ထားပါတယ်။ဇာတ်လမ်းကတော့ ရာကတ်ရှ် (Abhishek Bachchan) ဟာရွာငယ်လေးတစ်ခုမှာနေထိုင်ပြီး ရထားလက်မှတ်သိမ်းဖခင်ဖြစ်သူရဲ့သားဖြစ်ပေမယ့် ဖခင်ဖြစ်စေချင်တဲ့သူ့အလုပ်ကိုဆက်ခံဖို့ဝန်လေးပြီး အောင်မြင်ကျော်ကြားနာမည်ကြီးချင်တဲ့ အိမ်မက်အကြီးကြီးတွေရှိနေပါတယ်။ ဒါတွေကိုစိတ်ကူးယဉ်ဆန်လွန်းတယ်ထင်ပြီး လက်သင့်မခံခဲ့တဲ့ သူ့အဖေဟာ ဒီအလုပ်ကိုအင်တာဗျူးသွားရင်သွား မဟုတ်ရင်တော့ အိမ်ပေါ်ကဆင်းရမယ်ဆိုပြီးတော့အကျပ်ကိုင်ခဲ့ပါတော့တယ်။ ဗင်မီ (Rani Mukerji) ဆိုတဲ့ မိန်းမလှလေးဟာလဲ ရွာငယ်လေးတစ်ခုမှာမွေးဖွားကြီးပြင်းခဲ့ပေမယ့် တစ်နေ့မှာ မစ္စအိန္ဒိယဖြစ်လာရမယ်ဆိုတဲ့ အိမ်မက်ကြီးကို ပိုင်ဆိုင်ထားသူပါပဲ၊ သူ့ကို အိမ်ကအတင်းအကျပ်လက်ထပ်ပေးဖို့စီစဉ်တဲ့အချိန်မှာတော့ အိမ်ကနေထွက်ပြေးခဲ့ပြီး ဘူတာမှာ သူ့လိုပဲ အိမ်ပေါ်ကဆင်းချလာတဲ့ ရာကတ်ရှ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။တောနယ်မြို့ရွာငယ်လေးဆီက အိမ်မက်အကြီးကြီးတွေကိုယ်စီနဲ့လူနှစ်ယောက်၊ ဆက်ရိုးသားနေလို့အလုပ်မဖြစ်တော့ဘူးဆိုတာ အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေနောက်မှာသင်ခန်းစာရသွားပြီးတဲ့နောက် လောကကြီးကိုခါးစောင်းတင်ဖို့ကြိုးစားကြပါတော့တယ်။ စေ့စပ်ကျနတဲ့ အစီအမံ၊ ပိရိတဲ့သရုပ်ဆောင်ကွက်တွေနဲ့အတူသူတို့မှာ အောင်ပွဲတွေလဲအလီလီရလာခဲ့ပါတယ်။ အဲ့ဒီအောင်ပွဲတွေနဲ့အတူ မသိသူမရှိ နိုင်ငံကျော်လာခဲ့ချိန်မှာတော့ သူတို့ကိုလက်ရဖမ်းဖို့ခိုင်မာတဲ့ ...
movie

Bunty Aur Babli (2005)

Bunty Aur Babli 2 (2021)
Bunty Aur Babli 2 (2021) ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီး အပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့ Bunty Aur Babli ရဲ့ ​နောက်ဆက်တွဲ​ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို ပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂​ယောက်ဟာ မိသားစု တစ်ခု ထူ​ထောင်ပြီး ​ အေး​​အေး​ဆေး​ဆေး ဘဝကို ဖြတ်သန်း​နေကြပါပြီ. သား​လေးတစ်​ယောက်နဲ့ ​ပျော်ရွှင်စွာ​နေထိုင်ရင်းနဲ့ တစ်​နေ့မှာ​တော့ ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်​တွေ ပြန်​ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျား​ပေါ် ပြန်​ရောက်လာကြပါ​​တော့တယ်. သက်လတ်ပိုင်း​ရောက်​နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှု​တွေနဲ့ စွပ်စွဲခံရပါ​တော့တယ်။ ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာ​ကြောင့် မူလ ဘန်တီ-ဘာဘလီတို့ကို က​လေးနဲ့ ခြိမ်း​ခြောက်ပြီး စုံစမ်း​ရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။ ၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။ ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့ လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။ပထမကားက Abhishek ...
movie

Bunty Aur Babli 2 (2021)

4K HEVC Web-DL
Dil Se.. (1998) 7.6
Dil Se.. (1998) Dil Se (1998) =========IMDb Rating (7.6)တစ်ခါတလေ ကျွန်တော် တို့ နှလုံးသားမှာ မသိစိတ်နဲ့ စွဲမြဲစွာ ကပ်ငြိမိတဲ့သူ တစ်ဦးဦး ရှိနေတတ်ကြပါတယ်။ သိစိတ်နဲ့လည်း တမ်းတဖြစ်တတ်ကြပါတယ်သူနဲ့သာဆို သေအတူ ရှင်မကွာ လက်တွဲရင်း ဘ၀လမ်းကို လျှောက်လှမ်းနေချင်ခဲ့တယ်။ ဒါဟာ နှလုံးသားရဲ့ တောင့်တမှုဖြစ်ပြီး စိတ်ရဲ့ လိုအင်လည်း ဖြစ်ပါတယ်ဒါဟာ တစ်ဖက်သတ်ဖြစ်နေခဲ့လည်း ဆုပ်ကိုင်ထားတဲ့ သစ်ရွက်နု စိတ်ကူးလေးလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် တရားစီရင်ခဲ့တဲ့ ဥပဒေတစ်ရပ်ဆိုလည်း မမှားဝံ့ပါဘူးဤမျှထိ အစပြုလာသော အချစ်သည် ဘယ်အရပ် မှ စပါသနည်း။ Amar အတွက်တော့ နယ်စပ်ရထားဘူတာရုံငယ်လေး မှ စခဲ့ဟန်တူသည်ရေဒီယို အသံလွှင်ခြင်းကိစ္စနဲ့ပတ်သက်လို့ ခရီးထွက်ရင်း သူမကို Amar စတွေ့ခဲ့သည်။ လေကထန် မိုးကသည်း ရင်း ချမ်းအေးသော ဤချိန်၀ယ် သူမ သည် သဘက်လေးကို ဦးခေါင်းထက်ပေါ် ...
movie

Dil Se.. (1998)

Chhalaang(2020) 7.3
Chhalaang(2020) Chhalaang(2020)မွန်တူဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်....ပျော်ပျော်နေတတ်သလို လူငယ်အဖွဲ့ရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အလုပ်တွေလည်းခေါင်းဆောင်လုပ်လေ့ရှိတယ်...ဘာအလေးအနက်မထားတတ်လို့ ဘွဲ့လည်းမရခဲ့ဘူး...ဒါပေမဲ့ အဖေရဲ့ကောင်းမှုကြောင့် သူတို့မြို့မှာရှိတဲ့ကျောင်းရဲ့ PT ဆရာဖြစ်လာခဲ့တယ်...ဒီလို ဝေလေလေလုပ်နေတဲ့မွန်တူကို မိဘတွေကလည်း တည်ငြိမ်သွားအောင် အိမ်ထောင်ပြုစေချင်တယ်...မွန်တူကတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဘာညာကွိကွနဲ့ မိဘတွေကို ပြန်တရားချတယ်..တစ်နေ့ Valentine's Day ရောက်တော့ မွန်တူနဲ့ ဘော်ဒါတစ်သိုက်ဟာ ပန်းခြံထဲမှာပတ်ပြီး  ချစ်သူစုံတွဲတွေကိုလိုက်ဖမ်းပါတယ်...ယာဉ်ကျေးမှုနဲ့မညီဘူး အများအမြင်မသင့်ဘူးဆိုပြီး အားလုံးကိုနှင်ထုတ်တယ်...လင်မယားတွေပါပြောတဲ့သူတွေကိုတောင် မွန်တူတို့က မယုံကြည်ဘဲ မှတ်တမ်းပုံတွေရိုက်သတင်းစာထဲထည့်လိုက်ပါသေးတယ်...နောက်တစ်နေ့မွန်တူတို့ကျောင်းကို အရမ်းလှတဲ့ကျောင်းဆရာမလေးရောက်လာပါရော....မွန်တူလည်းငမ်းမယ်ကြံရုံရှိသေးတယ်...ဒီဆရာမလေးဟာ သူတို့Valentine's Day မှာ သတင်းစာထဲရောက်သွားလို့အရှက်ကွဲခဲ့ရတဲ့ လင်မယားရဲ့သမီးချောလေးဖြစ်နေတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ် File Size :(1.14GB) and (432MB) Quality :WEB-DL 720p Format…mp4 Duration…02:16:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded ...
movie

Chhalaang(2020)

Ginny Weds Sunny(2020) 6.5
Ginny Weds Sunny(2020) Ginny Weds Sunny(2020)ဆန်နီတို့မိသားစုက မိသားစုကုန်မာဆိုင်လေးပိုင်ဆိုင်ထားတယ်..... ဆန်နီကတော့ အချက်အပြုတ်အရမ်းတော်တယ်.....အဲ့ဒါကြောင့်သူ့အဖေဆီမှာ စားသောက်ဆိုင်ဖွင့်ဖို့ အတွက် အရင်းအနှီးတောင်းတယ် .....ဒါပေမယ့်သူ့အဖေကဆန်နီကိုမိန်းမယူမှဆိုင်ဖွင့်ပေးမယ်လို့ပြောလိုက်တယ်..... အဲ့တော့ ဆန်နီတစ်ယောက်မိန်းမယူဖို့အသည်းအသန်လိုက်ရှာပေမဲ့ အဆင်မပြေခဲ့ပါဘူး..... ဒီလိုနဲ့  ဆိုင်ဖွင့်ရပြီးရော မိန်းမတစ်ယောက်ရမှဖြစ်မယ်ဆိုပြီး ကြံမိကြံရာ နာမည်ကြီးအောင်သွယ်တော်ကိုအကူအညီတောင်းရပါတော့တယ် .....ဒီအောင်သွယ်တော်နဲ့တွေ့မှပဲ ဆန်နီတစ်ယောက် ပုံစံမျိုးစုံကြုံရပါတယ်...ဒီကား အချစ်ဟာသကားလေးဖြစ်သလို တော်တော်လည်း ကောင်းပါတယ်....မင်းသားမင်းသမီးတွေ အကုန်ချောမောကြသလို ဇာတ်လမ်းလေးလည်းကောင်းမွန်တဲ့အတွက်India ကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်.....File Size :(998MB) and (357 MB) Quality : WEB-DL 720p Format…mp4 Duration…02:05:00 Genre : Romance  , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Ginny Weds Sunny(2020)