Channel Myanmar

Ralf Chiu

Behind the Blue Eyes ( 2023 ) 6.1
Behind the Blue Eyes ( 2023 ) ငါတို့ရဲ့ ပုံပြင်မှာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမရှိပေမဲ့ ငါဒီဘဝမှာ နင့်ကို ရှာတွေနိုင်တာ ကံကောင်းမှုကြီးပဲ။ ဒီဇာတ်လမ်းလေးကတော့ ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး ရင်ခုန်ခဲ့ကြပါတယ်။ သို့ပေမဲ့ အကွာအဝေးတွေ၊ မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ယောက်ဟာ အကြိမ်ကြိမ် ခွဲခွါခဲ့ကြရတယ်။ရှင်းဟွေ့တစ်ယောက် တွေဝေနေချိန်မှာ သူ့ဆီကို ဟန့်ချုံးရဲ့ အသံသွင်းထားတဲ့ ကက်ဆက်ခွေလေး ရောက်လာပါတယ်။ ကက်ဆက်ခွေနားထောင်ပြီးနောက် ရှင်းဟွေ့တစ်ယောက် သူ့ရဲ့အချစ်ကို လိုက်ရှာဖို့ အတိတ်က မှတ်ဉာဏ်တွေအတိုင်း တစ်ရက်တာ ခရီးထွက်ခဲ့ပါတယ်။ရှင်းဟွေ့တစ်ယောက် ဟန့်ချုံးကို ရှာတွေ့နိုင်မလား...... သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့ အချစ်ကရော အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Behind the Blue Eyes ( 2023 )

Treat or Trick (2021) 6.8
Treat or Trick (2021) Treat or Trick (2021)စုံထောက်ကားကိုမှ သရဲမချောချောလေးလည်းပါမယ်။ ဟာသလေးလည်းပါမယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးလည်းဖြစ်နေတာဆိုတော့ ... အောက်ကအညွှန်းကို ဆက်ဖတ်မနေပါနဲ့ တန်းသာဒေါင်းလိုက်ပါ 😁ထိုင်ဝမ်မှာ သဘာဝမင်းသားလို့နာမည်ကြီးနေတဲ့ Chen Bo Lin ကတော့ ဒီရုပ်ရှင်ကားထဲမှာ ဉာဏ်များတဲ့အမှုလိုက်ရဲအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ဒီကားကတော့ အမှုလိုက်တာမဟုတ်ဘဲ သူငယ်ချင်းနောက်ကိုလိုက်ရတာပါ။ ခိုးစရာရှားလို့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် လင်ဆရာကြီးရဲ့စိန်ကိုမှသွားခိုးတော့ မင်းသားခဗျာ စိန်နဲ့သူငယ်ချင်းနောက်လိုက်ရင်း သရဲမနဲ့တွေ့ပါလေရောဗျာ။သရဲမအပြင် ထူးထူးဆန်းဆန်းလယ်သမားအဖွဲ့နဲ့ပါတွေ့ရပြီး အမျိုးစုံကြိုးခုန်နေရတော့ ဒီဇာတ်လမ်းလေးက ပျင်းဖို့မကောင်းဘဲ တော်တော်လေးသွက်ပါတယ်။ သရဲမ နဲ့လယ်သမားအုပ်စုကတစ်ဖက် သူငယ်ချင်းနဲ့စိန်တုံးကတစ်ဖက် ဗျာများနေရတဲ့ မင်းသားချောချောလေးတစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 764MB and 292MB Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hardsub) Translator .....JoJoVa Encoder ..... August
movie

Treat or Trick (2021)

2021
The Sadness (2021) (Uncut Version) 6.6
The Sadness (2021) (Uncut Version)   The Sadness (2021) (Uncut Version)Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊ သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ...
movie

The Sadness (2021) (Uncut Version)