Channel Myanmar

Ralph Piselli

Burial Ground Massacre(2021) 7.8
Burial Ground Massacre(2021) မှော်ပညာကိုယုံကြည်တဲ့ အင်ဒီးယန်းမြေပေါ်မှာ အခြေချနေထိုင်ကြတဲ့အခါ အရာရာကသတိထားစရာပါ။တစ်ခုခုမဆင်ခြင်မိတာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်က မတွေးဝံ့စရာပါပဲ။ အဲ့ဒီလိုမှော်ပညာနဲ့ ကျိန်စာတိုက်ထားတဲ့လက်စွပ်လေးက လာဆန်တို့မိသားစုရဲ့စံအိမ်ထဲမှာ ရှိနေပါတယ်။“အိပ်ရာဝင်ပုံပြင်ကို ယုံကြည်ရင် ကျိန်စာတွေကိုလည်း ယုံကြည်ရမယ်တဲ့....”ကျိန်စာသင့်လက်စွပ်ကိုမှအသက်ပြန်သွင်းဖို့ လိုချင်နေတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။လာဆန်တို့မိသားစုက မျိုးနွယ်စုခေါင်းဆောင် ကြိုးပေးခံခဲ့ရတဲ့မြေပေါ်မှာ နေထိုင်ခဲ့တာ တော်တော်ကြာပါပြီ။အိမ်မှာ မိဘတွေမရှိတုန်း ချေ့စ်လာဆန်တစ်ယောက် သူငယ်ချင်းတွေခေါ်ပြီး ပါတီပေးရင်းနဲ့ လုံးဝတားမြစ်ထားတဲ့သူ့အဖေရဲ့စာဖတ်ခန်းကို လူငယ်သဘာဝ ရအောင်ဝင်ကြည့်ပြီး ကျိန်စာသင့်လက်စွပ် ကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။လက်စွပ်ကလည်း အစွမ်းတွေပြ၊ လက်စွပ်ကိုလာယူတဲ့သူကလည်း တစ်ဖြေးဖြေးချင်း လာဆန်တို့ရဲ့စံအိမ်ကို ချဉ်းကပ်လာတဲ့အခါ....လက်စွပ်ရဲ့ကျိန်စာတွေနဲ့ လက်စွပ်ကိုလိုချင်တဲ့လူသတ်သမားရဲ့လက်ထဲကနေ လာဆန်တို့သူငယ်ချင်းတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်စွပ်ရဲ့သမိုင်းကြောင်းကရော ဘာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်တော့နော်...  File size…1.6GB / 801MB / 491MB Quality…1080p WebRip / 720p / 480p Format…Mp4 Duration….1h 40min Subtitle….Myanmar subtilte (Hard Sub) Encoder….YK Translated by JoJoVa and HAW
movie

Burial Ground Massacre(2021)

2021