Channel Myanmar

Ramesh Thilak

Yaavarum Vallavare (2024)
Yaavarum Vallavare (2024) Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့ drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။ ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့ ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။ ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊ ၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာ တိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကို ခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်းဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…1.7GB / 762MB Quality…WEB DL 1080p / ...
movie

Yaavarum Vallavare (2024)

2024
Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Yaanai Mugathaan (2023) 9.5
Yaanai Mugathaan (2023) Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်‌ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie

Yaanai Mugathaan (2023)

2023
Oh My Ghost (2022) 6.0
Oh My Ghost (2022) Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie

Oh My Ghost (2022)

2022
Kanam (2022) 8.5
Kanam (2022) Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie

Kanam (2022)

2022
Nenjuku Needhi (2022) 7.4
Nenjuku Needhi (2022) “လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie

Nenjuku Needhi (2022)

2022
Vikram (2022) 8.8
Vikram (2022) Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိ‌ေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.org/kaithi-2019/ ကြည့်ပါ။  File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie

Vikram (2022)

2022
4K HEVC Web-DL
Jango (2021) 7.0
Jango (2021) ဒီတစ်ခါမှာတော့ 2021 ထွက် Tamil သိပ္ပံစိတ်ကူးယဥ်science fiction film လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတဲ့ ခွဲစိတ်ဆာဂျင်တစ်ယောက်ဟာထူးဆန်းတဲ့လူသတ်သမားတစ်ယောက်လက်ကနေ သူ့မိန်းမကိုကယ်ဖို့ကြိုးစားတာကို သိပ္ပံသဘောတရားတွေနဲ့ ချိန်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာတော့ ဂူအာရမ် တစ်ယောက် သူ့ရဲ့ကွဲကွာသွားတဲ့ ဇနီး နီရှား နဲ့ပြန်ပေါင်းထုပ်ဖို့ ကြိုးစားတာနဲ့ အစပြုထားပါတယ်အဲ့နောက်မှာတော့ ဂူအာရမ် တစ်ယောက် time frame တစ်ခုတည်းမှာပဲပိတ်မိသွားပြီး သူနိုးလာတိုင်း တူညီတဲ့နေ့တစ်ရက်တည်းကိုပဲ ပြန်ဖြတ်သန်းနေရပါတော့တယ်ဒီလို ပိတ်မိ​နေတဲ့ အချိန်စက်ဝန်းထဲကနေ ဂူအာရမ် တစ်ယောက် ရုန်းထွက်နိုင်ပါ့မလားအရာအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ ဂူအာရမ် တစ်ယောက် ဘယ်လိုအဖြေရှာမလဲသူ့မိန်းမကိုရော လူသတ်သမားရန်ကနေ ကယ်ထုတ်နိုင်ပါ့မလားသိပ္ပံဆန်းကြယ်အပြင် Killer Concept လေးလည်း ပါတာမို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့CM ပရိသတ်တွေလည်း လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်းကို Nadi Myint Naing ကရေးသားထားပြီး ဘာသာပြန်ကတော့Murphy ~ Nadi Myint Naing ...
movie

Jango (2021)

2021
Laabam(2021)
Laabam(2021) Laabam (2021)ကဲ .. ဒီနေ့မှာလည်း Tamil ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Laambam တဲ့ Tamil ဘာသာစကားနဲ့ဆိုရင်တော့ “အကျိုးအမြတ်” ။လောကမှာလူတွေက ဘယ်အရာကိုမဆို အကျိုးအမြတ်ရမှ လုပ်ချင်ကြတာမဟုတ်လား။အကျိုးအမြတ်မရဘဲ ဘယ်သူကမှတော့ အချိန်ကုန်လူပန်းခံပြီး ဘာမှမလုပ်ချင်ကြဘူး။အဲဒီအကျိုးအမြတ်မှာ နှစ်မျိုးရှိိတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့အကျိုးအမြတ်ရယ်၊ကိုယ့်စေတနာအကျိုးကြောင့်ပြန်ရတဲ့ ကရုဏာမေတ္တာအမြတ်ရယ်။ဒီဇာတ်လမ်းလေးကိုတော့ Peruvayal လို့ခေါ်တဲ့ရွာလေးအကြောင်းကိုအခြေတည်ပြီးရိုက်ကူးထားတာပါ။ မင်းသားဖြစ်တဲ့ Pakkiri ကဇာတိရွာလေးကစွန့်ခွာသွားခဲ့ရပြီး တစ်ဖန်ပြန်ရောက်လာတဲ့အချိန်မှာသူရွာလေးရဲ့စီးပွားရေးလုပ်ငန်း ကစဉ့်ကလျားဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကိုဖာသိဖာသာနေလို့ရပေမယ့် ကိုယ့်ဇာတိကရွာသူရွာသားတွေကိုဆွေမျိုးသားချင်းတွေလိုသဘောထားပြီး လယ်ယာမြေလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်အတူတူလုပ်ကြဖို့ ရတဲ့အကျိုးအမြတ်ကိုခွဲဝေယူကြဖို့စည်းရုံးပြီး “လယ်ယာမြေအဖွဲ့အစည်း” တစ်ခုတည်ထောင်လိုက်တယ်။သူ့ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးအောင်မြင်ပြီးအဆင်ပြေနေတဲ့အချိန်မှာ ဘီလူးခေါင်းဆောင်းထားတဲ့Vangamudi ကြီးက ပြည်သူပိုင်မြေနေရာမှာ သူ့အကျိုးအတွက်ဘိုင်အိုဒီဇယ်စက်ရုံကြီးဆောက်ဖို့ လယ်မြေတွေကိုအပိုင်သိမ်းဖို့ကောက်ကျစ်တဲ့နည်းလမ်းမျိုးစုံသုံးကြိုးစားပါတော့တယ်။ဒီလိုနဲ့အဆုံးသတ်မှာ အများအကျိုးသယ်ပိုးပြီးအားလုံးရဲ့မေတ္တာကိုရရှိထားတဲ့ လူထုခေါင်းဆောင် Pakkiri နဲ့ကိုယ့်အကျိုးအတွက်သာကိုယ်ကြည့်ပြီး အမျိုးစုံယုတ်မာတဲ့Vangamudi တို့နှစ်ဦးရဲ့ဘဝအဆုံးသတ်ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါတော့နော်။ File size…2.17GB / 1.3GB Quality…1080p True WEB DL  Format…Mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu & ...
movie

Laabam(2021)

2021
HEVC 1080p 5.1
Master(2021) 7.5
Master(2021) Master(2021)အညွှန်း*******************IMDb...7.5အနည်းငယ်နောက်ကျသွားပေမဲ့လို့ စောင့်နေပေးလို့ကျေးဇူးတင်ပါတယ်....အများသိဗီဂျေးနဲ့ 96ရဲ့မင်းသားဗီဂျေးစည်သူပသီတို့နှစ်ဦး အားပြိုင်ထားတဲ့ Master ရုံတင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာ ကျောင်းသားတွေရဲ့ အချစ်တော်ပဲ။ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့ တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။ကျောင်းသားတွေအတွက်ဆို အသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ။ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။ဗီဂျေးစည်သူပသီကတော့ လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါ။ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ငွေရှာ နေသူပေါ့။သူ့အတွက် မှောင်ခိုလောကမှာ ခက်ခဲတာ မရှိသလောက် ရှားတယ်။ တပည့်လက်သား များတယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့Myint Thu ,Thaik San & Nyi Koe တို့ပဲြဖစ်ပါတယ်.....File Size :(3.4GB)(1.4GB) and (561 MB) Quality : WEB-DL1080P5.1CH.HEVC, 720p Format…mp4 Duration…02:59:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu ...
movie

Master(2021)

HEVC 1080p 5.1