Channel Myanmar

Randall Newsome

A Walk in the Woods (2015) 6.4
A Walk in the Woods (2015) ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီးအက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆိုမတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော်ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာအဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော်ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကိုအတူစတင်ကြပါတော့တယ်။အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်းလမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းကမိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီးဝေဖန်ခံစားလိုက်ပါ။  File size…    2.3 GB /  742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ..... Comedy/Adventure Subtitle…. ...
movie

A Walk in the Woods (2015)

2015
Straw Dogs (2011) 5.8
Straw Dogs (2011)  1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့‌ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်‌ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူ‌‌တွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်‌ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး.............  File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Straw Dogs (2011)

One Night in Miami…(2020) 7.4
One Night in Miami…(2020) One Night in Miami...(2020)အညွှန်း*******************************IMDb...7.3One Night in Miami ဆိုတဲ့ဇာတ်ကားလေးကတော့ လူမည်းလေးယောက်ရဲ့ ရင်တွင်းခံစားချက်တွေဖွင့်ဟထားတဲ့စကားဝိုင်းကနေ သူတို့ဖြတ်သန်းနေရတဲ့ လူမှုပတ်ဝန်းကျင်ကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။လူမည်းလေးယောက်လုံးကလည်း နယ်နယ်ရရတွေတော့မဟုတ်ပါဘူး။ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ Cassicus ClayNational League အထိတတ်လှမ်းနိုင်တဲ့ ဘောလုံးသမား Jim Brownနာမည်ကြီးအဆိုတော် Sam Cooke နဲ့လူ့အခွင့်အရေးလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဝန်ကြီး Malcolm X တို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့လူမည်းအသိုင်းအဝိုင်းမှာ အောင်မြင်မှုကိုယ်စီရရှိထားပြီး ကိုယ့်ဒေသရဲ့ဂုဏ်ကိုဆောင်နိုင်ကြပေမယ့် လူဖြူတွေရဲ့ မသိမသာခွဲခြားဆက်ဆံမှုကိုခံရတဲ့ လူမည်းတွေရဲ့ဘဝ၁၉၆၀ ခုနှစ်ဝန်းကျင်က လူမည်းအမျိုးသားတွေရဲ့ ခံယူချက်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကိုယ်ယုံကြည်တဲ့ဘာသာတရားနဲ့ နိုင်ငံရေးရောယှက်လာတဲ့အခါ ကြုံတွေ့ရတဲ့ သောကတွေကိုမပျင်းရလေအောင် စိတ်ဝင်စားဖွယ်ရိုက်ကူးပြထားတာမို့ ဗဟုသုတလည်းရတဲ့ကားမို့ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်....File Size : (2.19GB) and (1.09GB) Quality :HEVC 1080p 5.1, 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : ...
movie

One Night in Miami…(2020)

HEVC 1080p 5.1