Channel Myanmar

Randy Charach

A Tale of Two Guns (2022)
A Tale of Two Guns (2022)  အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက်၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ်စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်းမဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံးအထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်ကလွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကိုဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။  သူကလည်းရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန်တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည်တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက်အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.30 GB / 618 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Tale of Two Guns (2022)

The Most Dangerous Game (2022) 5.0
The Most Dangerous Game (2022) ဆန်းဂါးရိန်းဖို့ဒ်နဲ့ သူ့ဖခင် နာမည်​ကျော်မုဆိုးမိတ်​ဆွေတစ်သိုက်ဟာ ကိုဒီယက်ဝက်ဝံ​​တွေကို ​အမဲလိုက်ဖို့ ကိုဒီယက်ကျွန်းကို ​​ရေ​ကြောင်း ခရီးထွက်ခဲ့ရင်း သင်္ဘော​ပျက်ပြီး ကျွန်းတစ်ကျွန်း​ပေါ်ကိုရောက်သွား ကြပါတယ်။သင်္ဘော​တွေ မကြာခဏပျက်တယ်လို့ နာမည်ရထားတဲ့ ကျွန်း​ပေါ်မှာ ဂျာမန်စစ်ပြန်တစ်​ယောက်နဲ့ သူ့တပည့်က ရှိ​နေပါတယ်။ထိုဂျာမန်စစ်ပြန်ကလည်း အမဲလိုက်တာဝါသနာထုံပြီး ဆန်းဒါးတို့​ကို ကမ္ဘာ​ပေါ်မှာ အခက်ခဲဆုံးသား​ကောင်ကို ဒီကျွန်း​ပေါ်မှာ အမဲလိုက်ဖို့ ဖိတ်​ခေါ်ခဲ့ပါတယ်။ထိုသား​ကောင်အ​ကြောင်းရိပ်မိတဲ့ ဆန်းဒါးတို့က မလိုက်ချင်​ကြောင်း ငြင်းတဲ့အခါမှာ​ ဂျာမန်​ကောင်က ဆန်းဒါးမှအပ ကျန်သူ​တွေကိုသတ်လိုက်ပြီး အချိန်၃ရက်ထိကြာတဲ့ သူ့ရဲ့အမဲလိုက် ကစားပွဲထဲ အတင်းအကျပ်ဝင်ပါ​စေပါ​တော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__(1.7GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:32:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
movie

The Most Dangerous Game (2022)

The Call 2020 4.8
The Call 2020 The Callဆိုတဲ့ ဇာတ်ကားကhorror movieတစ်ပုဒ် ဖြစ်ပါတယ်။ သူငယ်ချင်းလေးယောက်အနက် တွန်ရာလို့ခေါ်တဲ့ ကောင်မလေးရဲ့ ညီမလေးက ငယ်ငယ်က ကလေးထိန်းကျောင်းကိုသွားနေကျဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ညီမလေးက အိမ်ကိုပြန်မလာခဲ့‌ဘူး ။ ဘယ်လိုလိုက်ရှာရှာ အစအနပျောက်သွားခဲ့တယ် ။ သူ့ညီမလေးသွားခဲ့တဲ့ ခရစ်စန်ဆိုတဲ့ ကလေးထိန်းကျောင်းပိုင်ရှင်ကတော့ အရေးမယူခံရဘဲ လွတ်မြောက်သွားခဲ့တယ် ။ အဲ့ဒီအချက်ကို မကျေနပ်လို့ တွန်ရာတို့အဖွဲ့က ခရစ်စန်လို့ခေါ်တဲ့ အဘွားကြီးနေတဲ့အိမ်ကို ပုံစံမျိုးစုံ နှောက်ယှက်ဖျက်စီးကြတယ် ။ နှစ်ပေါင်းများစွာ အခုလို ခြိမ်းခြောက်ခံ၊ အပြောခံနေရတာကို မခံနိုင်သည့်အဆုံးမှာ မစ္စစ်ခရစ်ဆန်ဟာ အဆုံးစီရင်သွားခဲ့တယ်။ ဒါကို သူ့အမျိုးသားဖြစ်သူက မကျေနပ်ဘဲ လူငယ်၄ယောက်လုံးကိုခေါ်ပြီး ဂိမ်းပွဲတစ်ခုကို စတင်လိုက်တယ်။ သူတို့နေထိုင်တဲ့ အိမ်အပေါ်ထပ်က စာကြည့်ခန်းထဲမှာရှိတဲ့ ဖုန်းကို ၁မိနစ်ဖြေကြားပေးရင် ဒေါ်လာတစ်သိန်းရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ပေါ့။ ဒီဂိမ်းကို သူတို့၄ယောက်လုံးက ကစားကြမှာလား....ကစားမိရင်ရော ဘာတွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာ The Callဆိုတဲ့ ...
movie

The Call 2020