Channel Myanmar

Rania Putrisari

Mantra Surugana (2023)
Mantra Surugana (2023)  အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ...၊ဇာတ်လမ်းနာမည်က "စူရူဂါနာမန္တန်"တဲ့ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ...။ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကိုဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ...။ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာစကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကိုပြောင်းလာခဲ့ပါတယ်...။တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုးရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတားအရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့....နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားဖူးတယ်...။သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရ‌ပေါ့...။တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ...။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes
movie

Mantra Surugana (2023)