Channel Myanmar

Ranjan Raj

Dream Girl 2 (2023) 6
Dream Girl 2 (2023) Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး)IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့…သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူးသမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ်ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား ...
movie

Dream Girl 2 (2023)

2023
Helmet(2021) 7.5
Helmet(2021) Helmet(2021)အညွှန်း******************MDb rating 7.5အထိရရှိထားတဲ့ Comedy Dramaအမျိုးအစားဟင်ဒီအမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်တော့ ဟိုး ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရှေးကူးမားရဲ့ Padman ရုပ်ရှင်ကိုတောင် သတိရမိပါသေးတယ်။ အဲ့ဒီတုန်းကတော့ ရှေးရိုးစွဲတဲ့လူအများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ ခက်ခဲကြတဲ့အတွက် လစဉ်သုံးပစ္စည်းတွေကို ထွင်ပြီး သုံးစွဲစေခဲ့သူတစ်ယောက်အကြောင်းပေါ့။ဒီကားထဲမှာကျတော့ အမျိုးသားတွေဘက်ကို လှည့်ထားတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ နေချင်လာတဲ့အခါ အခုလို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထောင်သည်ဆိုရင် သားဆက်ခြားဖို့ ၊ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ၊ အိမ်ထောင်မရှိတဲ့ လူပျိူလူလွတ်ဆိုရင် အတူနေအမျိုးသမီး ကိုယ်ဝန်ရပြီး နောက်ဆက်တွဲပြသနာတွေမဖြစ်ဖို့ ကွန်ဒုံးဆိုတဲ့ ပစ္စည်းလေးကို မရှိမဖြစ် သုံးရ ဆောင်ထားရမှာပါ။ဒါပေမယ့် ရှေးရိုးစွဲသူတွေ အများကြီးရှိနေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံလေ... ကွန်ဒုံးဝယ်ရတာမျိုး ၊ ဆောင်ရတာမျိုးကို ရှက်စရာလုပ်ရပ်တစ်ခုလို သဘောထားပြီး မသတီတဲ့မျက်လုံးမျိုးနဲ့ ဝိုင်းကြည့်ကြမှာမလား... အိန္ဒိယနိုင်ငံတင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံအပါအဝင် အလားတူ အရှေ့တိုင်းနိုင်ငံအများစုမှာ ဒီကိစ္စက ရှက်စရာတစ်ခုလို ဖြစ်နေပါတယ်။ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါမက အရွယ်ရောက်သူတိုင်း ဒီကားလေးကို ကြည့်စေချင်တယ်။ ကွန်ဒုံးပြဿနာကို ဇာတ်လမ်းကဦးတည်ထားပေမယ့် ရယ်စရာလေးတွေ ၊ အူမြူးစရာလေးတွေနဲ့ ပရိတ်သတ်ကို ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ...
movie

Helmet(2021)

Bala (2019) 7.6
Bala (2019) (Unicode)IMDb 7.6/10Rotten Tomatoes 82%Google Users 91%မေးခွန်းလေးတစ်ခုလောက်မေးချင်တယ်မိတ်ဆွေတို့ရဲ့အလှအပအတွက် ဆံပင်ဟာ ဘယ်လောက်ထိအရေးပါလဲ  ဖြေကြည့်ပါလား၊ စဉ်းရောစဉ်းစားကြည့်ဖူးလားဟုတ်ပါတယ် ကျွန်တော်တို့တွေရဲ့ အလှအပကဏ္ဌမှာဆံပင်ဟာ ကြီးကြီးမားမား နေရာတစ်ခုကပါဝင်နေတယ်ဆိုတာ မလွဲမသွေပါပဲဆံပင်အတွက် ဆေးဝါးပေါင်းစုံ၊ အလှကုန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ပြုစုယုယဂရုစိုက်နေသူတွေ တပုံကြီးပါကိုယ့်ဆံပင်ကို လူတိုင်းလိုလို တန်ဖိုးထားကြပါတယ်မိန်းကလေးမှမဟုတ်ဘူး ယောက်ျားလေးတွေထဲမှာတောင် ဆံပင်ကောင်းတဲ့လူဟာ ဂုဏ်ယူစရာတစ်ခုအဖြစ် ခံယူထားကြပါတယ်ဘဝင်မြင့်စရာဖြစ်နေပါတယ် ဟုတ်ပါတယ် အဲ့ဒိလို ဆံပင်ကြောင့် ဟီရိုးတစ်ယောက်ရှိပါတယ်ကျောင်းသားဘဝမှာ နိုင်ငံကျော်မင်းသားပေါင်းစုံဟန်ကို အတုအပပြုလုပ်နိုင်ပြီးတစ်ကျောင်းလုံးက မိန်းကလေးတိုင်း ကြွေရတဲ့ ဘာလားဆိုတဲ့ချာတိတ်တစ်ယောက်ရှိပါတယ်သူ့အတွက် ဘယ်လောက်ထိဘဝမြင့်စရာဖြစ်နေမလဲ မြင်ယောင်ကြည့်လိုက်ပါဒါပေမဲ့ အဲ့ဒိဘာလားဟာ အသက် ၂၄ နှစ်အရွယ်မှာတော့ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်တစ်ယောက်ဖြစ်လို့သွားပါတယ်ကံကြမ္မာအလှည့်အပြောင်းသိပ်ဆိုးလွန်းပါတယ် ဟီးရိုးအဖြစ်ကနေ ဇီးရိုး ဆော်ကြည်ဘဲကနေ ဆော်ပစ်ဘဲအလုပ်မှာ ရာထူးကျ ဘာလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ကာ ဆံပင်ပြန်ပေါက်ရေး ...
movie

Bala (2019)

2019