Channel Myanmar

Ranjeet

Behen Hogi Teri (2017) 5.6
Behen Hogi Teri (2017) တလမ်းထဲအတူနေ အတူတူကစားရင်း အတူတူကြီး​လာတဲ့အိမ်နီးချင်း မိန်းကလေးတယောက်ကို ကြိတ်ကြွေခဲ့ဖူးလား။ရာဂျ်ကူမားရောဝ်နဲ့ ရူရ်သီးဟာစန်ရဲ့ Behen Hogi Teri ရုပ်ရှင်ဟာ မျက်နှာချင်းဆိုင် တလမ်းထဲအတူနေကြတဲ့ Gattu နဲ့Binnyတို့ အိမ်နီးချင်း ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုဟာသနှောပြီး ဖန်တီးထားတာဖြစ်ပါတယ်။Gattu က သူနဲ့ အတူကြီးပြင်းလာတဲ့ Binnyကို ချစ်နေပေမဲ့မပြောရဲလို့ညီမလေးလို စောင့်ရှောက်ပြီး တနေ့ကျရင်တော့Binny ကို ဖွင့်ပြောပြီး လက်ထပ်မယ်လို့ စိတ်ကူးထားတယ်။ဒါမဲ့ Binny နဲ့ Gattu ရဲ့ မိဘအသိုင်းအဝန်းကတော့ သူတို့ကိုမောင်နှမလိုပဲ သတ်မှတ်ထားကြပြီး အသီးသီးအိမ်ထောင်ပြုကြဖို့ တိုက်တွန်းကြတယ်။တနေ့ Gattu အရဲစွန့်ပြီးBinny ကို ဖွင့်ပြောလိုက်ပေမဲ့ Binny မိဘတွေက တခြားကောင်လေးတယောက်နဲ့ စေ့စပ်ပြီး လက်ထပ်ဖို့စီစဉ်နေကြပါပြီ။ဒီလိုအခြေအနေမှာ Binny ကိုရဖို့Gattu ဘယ်လို ကြံစည်မှာလဲ။Binny ကကော Gattu ကို အကိုတယောက်လိုပဲ သဘောထားတာလား။တသက်လုံး သူတိူ့ကို မောင်နှတွေလို မြင်လာတဲ့ မိဘအသိုင်းအဝန်းကကော လက်ခံပါ့မလားဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ...
movie

Behen Hogi Teri (2017)

2017
Karan Arjun (1995) 7.0
Karan Arjun (1995) Karan Arjun (1995) ********** အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို ...
movie

Karan Arjun (1995)

Bunty Aur Babli (2005) 6.2
Bunty Aur Babli (2005) Bunty Aur Babli (2005)IMDb Rating (6.2)မကြာသေးခင်က နောက်ဆက်တွဲဇာတ်ကားထွက်ရှိထားတဲ့ Bunty Aur Babli 2 (2021) ရဲ့ပထမဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ Bunty ခေါ် Rakesh အဖြစ် အမီတာဘချန်းကြီးရဲ့သား (Abhishek Bachchan) ခေါင်းဆောင်ပါဝင်ထားပြီး အမီတာဘချန်းကိုယ်တိုင်လဲ ရဲအရာရှိ DCP Dashrath Singh အဖြစ်အားဖြည့်ထားပါတယ်။ဇာတ်လမ်းကတော့ ရာကတ်ရှ် (Abhishek Bachchan) ဟာရွာငယ်လေးတစ်ခုမှာနေထိုင်ပြီး ရထားလက်မှတ်သိမ်းဖခင်ဖြစ်သူရဲ့သားဖြစ်ပေမယ့် ဖခင်ဖြစ်စေချင်တဲ့သူ့အလုပ်ကိုဆက်ခံဖို့ဝန်လေးပြီး အောင်မြင်ကျော်ကြားနာမည်ကြီးချင်တဲ့ အိမ်မက်အကြီးကြီးတွေရှိနေပါတယ်။ ဒါတွေကိုစိတ်ကူးယဉ်ဆန်လွန်းတယ်ထင်ပြီး လက်သင့်မခံခဲ့တဲ့ သူ့အဖေဟာ ဒီအလုပ်ကိုအင်တာဗျူးသွားရင်သွား မဟုတ်ရင်တော့ အိမ်ပေါ်ကဆင်းရမယ်ဆိုပြီးတော့အကျပ်ကိုင်ခဲ့ပါတော့တယ်။ ဗင်မီ (Rani Mukerji) ဆိုတဲ့ မိန်းမလှလေးဟာလဲ ရွာငယ်လေးတစ်ခုမှာမွေးဖွားကြီးပြင်းခဲ့ပေမယ့် တစ်နေ့မှာ မစ္စအိန္ဒိယဖြစ်လာရမယ်ဆိုတဲ့ အိမ်မက်ကြီးကို ပိုင်ဆိုင်ထားသူပါပဲ၊ သူ့ကို အိမ်ကအတင်းအကျပ်လက်ထပ်ပေးဖို့စီစဉ်တဲ့အချိန်မှာတော့ အိမ်ကနေထွက်ပြေးခဲ့ပြီး ဘူတာမှာ သူ့လိုပဲ အိမ်ပေါ်ကဆင်းချလာတဲ့ ရာကတ်ရှ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။တောနယ်မြို့ရွာငယ်လေးဆီက အိမ်မက်အကြီးကြီးတွေကိုယ်စီနဲ့လူနှစ်ယောက်၊ ဆက်ရိုးသားနေလို့အလုပ်မဖြစ်တော့ဘူးဆိုတာ အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေနောက်မှာသင်ခန်းစာရသွားပြီးတဲ့နောက် လောကကြီးကိုခါးစောင်းတင်ဖို့ကြိုးစားကြပါတော့တယ်။ စေ့စပ်ကျနတဲ့ အစီအမံ၊ ပိရိတဲ့သရုပ်ဆောင်ကွက်တွေနဲ့အတူသူတို့မှာ အောင်ပွဲတွေလဲအလီလီရလာခဲ့ပါတယ်။ အဲ့ဒီအောင်ပွဲတွေနဲ့အတူ မသိသူမရှိ နိုင်ငံကျော်လာခဲ့ချိန်မှာတော့ သူတို့ကိုလက်ရဖမ်းဖို့ခိုင်မာတဲ့ ...
movie

Bunty Aur Babli (2005)

Housefull 4 (2019) 3.3
Housefull 4 (2019) (Unicode)Akshay Kumar ရဲ့ 2019မှာ ထွက်လာခဲ့တဲ့ ဟာသကားတစ်ကားဆိုတာတော့ မိတ်ဆက်စရာ လိုမယ်မထင်ပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အရှေးကူးမား(ဟယ်ရီ)ဟာ အမြဲ အိပ်မက်ဆိုးတွေနဲ့ တွေ့ကြုံနေရသူပေါ့။အတိတ်ဘဝတစ်ခု လို့ ပြောလို့ရမယ့် နန်းတွင်း ရာဇဝင် ဇာတ်လမ်းတစ်ခုကို အမြဲလိုလို မြင်ယောင်နေတယ်။လတ်တလောမှာလည်း ငွေကြေး အရမ်းလိုနေတော့ ညီအစ်ကို ၃ယောက်ဟာ လန်ဒန်ရဲ့ လူကုံထံကြီးရဲ့ သမီး၃ယောက်ကို ကြံနေကြသူတွေ။အဲ့ဒီမိန်းကလေး၃ယောက်ကို လက်ထပ်နိုင်ရင် သူတို့အတွက် ငွေကြေးပြေလည်သွားမယ်ဆိုတာ သူတို့ ကြံဆထားပြီးသား။ဒီလိုနဲ့ သူတို့ ၃တွဲ အပျော်ခရီး တစ်ခု ထွက်ရာမှာ သူရဲ့ အိပ်မက်တွေဟာ.... အတိတ်ဘဝတစ်ခုရဲ့ ပုံရိပ်တွေဆိုတာ အခါအားလျှော်စွာ သိလိုက်ရချိန်မှာတော့.....။-------------------------------------------------ဒီဇာတ်ကားထဲမှာ ရှေ့ခေတ် နောက်ခေတ်တွေ သရော်တာမျိုးတွေ၊ဘာဟူဘာလီ သီချင်းတွေကို အပျော်အပျက်လုပ်ပြီး ထည့်တာမျိုးတွေ၊ခုခေတ် အကမင်းသားကို ...
movie

Housefull 4 (2019)

2019