Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rapulana Seiphemo
7.2
Tsotsi (2005)
2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ဒီရုပ်ရှင်က ...
movie
Tsotsi (2005)
7.3
Gangster’s Paradise: Jerusalema (2008)
ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ တောင်အာဖရိကရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်ကို ဘာလင်ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး ဝေဖန်သူတွေနဲ့ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲသားတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်တက်ဖို့ကျောင်းစရိတ်မရှိတာကြောင့် သူငယ်ချင်းဖြစ်သူ ဇိတ် နဲ့အတူ ဒုစရိုက်နယ်ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံပြီး ရာဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျိုဟန်နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လပ်ကီးကူနီးနီက ပစ်ခတ်မှုတစ်ခုမှာ ဒဏ်ရာရပြီးလဲနေချိန် ရဲတွေဖမ်းဆီးသွားတဲ့အခန်းက အစပြုထားပါတယ်။ အဲဒီနောက်မှာ သတင်းထောက်ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာထူးချွန်ပေမဲ့ ဆင်းရဲမွဲတေမှုကြောင့် ဒုစရိုက်လောကထဲရောက်ခဲ့တဲ့ လပ်ကီးတစ်ယောက် အဆုံးသတ်မှာ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက တောင်အာဖရိကမှာ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့ ၁၉၉၄ နှောင်းပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ လက်နက်ကိုင်အရေးအခင်းတွေနဲ့အတူ တောင်အာဖရိကမြို့ကြီးတွေမှာ ဆင်းရဲချမ်းသာကွာဟမှု၊ မူးယစ်ဆေးနဲ့ ...
movie
Gangster’s Paradise: Jerusalema (2008)