Channel Myanmar

Rasmus Bjerg

Fathers and Mothers (2022)
Fathers and Mothers (2022)  ဒီရုပ်ရှင်ကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင်ဖြစ်ပြီး လူတွေရဲ့ သဘောသဘာဝတွေ ဟန်ဆောင်မှုတွေနဲ့အတူ ကျောင်းသားမိဘတွေကြားထဲက အဖွဲ့အစည်းတွေမှာ မိဘဖြစ်သူတွေ ရုန်းကန်ကြရပုံကို တင်ဆက်ထားပါတယ်။မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့သားသမီးအတွက် သက်ဆိုင်ရာအသိုင်းအဝိုင်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရုန်းကန်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒီရုပ်ရှင်ထဲမှာဆိုလည်း ဇနီးမောင်နှံနှစ်ဦးဟာ သမီးဖြစ်သူအတွက် နယ်မြေအသစ်တစ်ခုက ကျောင်းသစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေဟာ အဲဒီကျောင်းရဲ့ နာမည်ကြီး တောတွင်းစခန်းချမီးပုံပွဲကိုသွားရင်း အဲဒီမှာရှိတဲ့ ကျောင်းသားမိဘတွေကြားမှာ ဝင်ဆန့်ဖို့ ကြိုးစားကြရပါတယ်။မတူညီတဲ့ စရိုက်တွေကြားထဲကို ရောဝင်ဖို့ကြိုးစားရင်း အပေါ်ယံသကာလောင်းမှုတွေ၊ အားနည်းသူကို နှိမ်ကြတာတွေ၊ ကိုယ်စွမ်းကိုယ်စပြချင်တာတွေကို ကြုံတွေ့သည်းခံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ တင်ဆက်ပြထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Fathers and Mothers (2022)

Flame & Citron (2008) 7.2
Flame & Citron (2008) Flame & Citron (2008)ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 2GB, 767MB, 429MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration      ...
movie

Flame & Citron (2008)

2008
Wild Men (2022) 6.6
Wild Men (2022)  " လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေ အတူတူ သွား သွား သွားကြမယ်လေ " ဆိုတဲ့ သီချင်းစာသားလေးအတိုင်းပဲ မာတင်ဆိုတဲ့ လူတစ်ဦးဟာ မြို့ပြမှာ မိသားစုနဲ့ အလုပ်အကိုင်နဲ့ အဆင်ပြေနေပေမယ့် မြို့ပြလူနေမှုဘ၀ရဲ့ မွန်းကျပ်မှုကို ခံစားနေရပြီး ငြိမ်းချမ်းမှုကိုရှာဖွေဖို့ တောထဲတောင်ထဲ ထွက်ပြေးလာသူတစ်ဦးပါ မာတင်ဟာ မြို့ပြက သူ့မိသားစုလေးကို စွန့်ပစ်ပြီးတစ်ကိုယ်တည်း တောင်စခန်းတစ်ခုတည် ကိုယ်တိုင် လေးမြှားနဲ့အမဲလိုက် ချက်ပြုတ်ပြီး ဗိုက်ကင်းတစ်ယောက်လို နေထိုင်လာတာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပါပြီဒီလိုနဲ့ ဗိုက်ကင်းကြီးမာတင်ဆီကို အမှုပတ်ဖို့အကြောင်းဖန်လာတာကတော့ မူဆာဆိုတဲ့ မူးယစ်ဆေးမှောင်ခိုသမားပါပဲ မှောင်ခိုသွင်းဖို့ မူဆာနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ကားနဲ့လာရင်းမှာ မာတင်နေတဲ့နေရာနားမှ ကားမတော်တဆဖြစ်ပြီး ဗိုက်ကင်းကြီး မာတင်နဲ့ မူးယစ်‌မှောင်ခို မူဆာ‌တို့ တွေ့ဆုံခဲ့ကြပါတယ် တစ်ဖက်မှာလည်း ရဲတွေနဲ့ မိသားစုက လိုက်ရှာနေတဲ့ မာတင်... တစ်ဖက်မှာတော့ သူငယ်ချင်းနှစ်ယောက်က ပြန်လိုက်ရှာနေတဲ့ မူးယစ်ဆေးတစ်အိတ်နဲ့ မူ ဆာ.... သူတို့နှစ်ယောက်ဟာ ...
movie

Wild Men (2022)