Channel Myanmar

Raúl Méndez

Cocaine Godmother (2017) 5.6
Cocaine Godmother (2017) လက်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ အတုယူလေးစားစရာ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ ကိုလမ်ဘီယာကနေ အမေရိကကို ပြောင်းလာတဲ့ မူးယစ်ဆေးရာဇာကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Cocaine Godmother ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တာပါ။  ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ မာဒီရီနာဘလန်ကိုဆိုတဲ့ အမျိုးသမီးက ကိုလမ်ဘီယာနိုင်ငံ မယ်ဒီအင်မြို့မှာ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အလုပ်မည်မည်ရရ မလုပ်တဲ့ ယောက်ျားကြောင့်သား ၃ ယောက်ကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့က မလွယ်ကူခဲ့ဘူး။ထမင်းနပ်မှန်အောင် စားရဖို့တောင်မှ မနည်းရုန်းကန်ခဲ့ရသူပါ။တစ်ရက်မှာတော့ ယောက်ျားရဲ့ မိတ်ဆွေဖြစ်သူနဲ့ချိတ်ဆက်မိပြီးတော့ မူးယစ်ဆေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ်။သူဟာ ဆေးတွေကို ဖြန့်ပေးမယ်ဆိုပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ဒီကိစ္စကြောင့် ယောက်ျားဖြစ်သူနဲ့လည်း ကွဲသွားခဲ့ပြီးတော့မူးယစ်ဆေးလောကထဲကို လုံးဝခြေစုံချခဲ့တော့တာပါ။သာမန်အကူဘဝကနေ သူ့ရဲ့ ဉာဏ်ပြေးမှုကြောင့် မူးယစ်ဆေးလောကမှာနာမည်ကြီး ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပါတယ်။သား ၃ ယောက်ကလည်း သူ့အမေနဲ့အတူ ဒီအလုပ်ကိုပဲ ကူညီလုပ်ပေးခဲ့ကြပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ သူ့ဘဝတစ်လျှောက်မှာဘယ်လိုနည်းလမ်းတွေနဲ့ ဆေးတွေကို ဖြန့်ဖြူးခဲ့သလဲ၊ ...
movie

Cocaine Godmother (2017)

2017
The Black Demon (2023)
The Black Demon (2023) မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie

The Black Demon (2023)

The Legend of Zorro (2005) 6.0
The Legend of Zorro (2005) The Legend of Zorro (2005) IMDb - 6.0/10_____Rotten - 26%  ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့ (၁၀)ကားမြောက်ဘာသာပြန်ကားလေးဖြစ်ပါတယ်။IMDb rating 6.0/10ရရှိထားတဲ့ဒီဇာတ်ကားကို ဇောရိုးဆိုတာနဲ့cmပရိတ်သတ်တွေရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ဇောရိုးဖြစ်တည်လာပုံအစပိုင်း အပိုင်း(၁)ကိုတော့ ကျွန်တော်တို့ရဲ့cmမှာတင်ပြီးထားပါပြီ။ အပိုင်း(၁)ကြည့်ပြီးဆံ့တငံ့ငံ့ဖြစ်နေတဲ့ ပရိတ်သတ်တွေရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အပိုင်း(၂)လေးကိုပရိတ်သတ်တွေဆီအရောက်ပို့လိုက်ပါပြီ။ ဇောရိုးအပိုင်း(၁)ကတော်တော်လေးကိုကောင်းပါတယ်။ အပိုင်း(၂)ကလည်း အပိုင်း၁နဲ့မခြားအရမ်းကောင်း ပါတယ်။Channel Myanmar ပရိတ်သတ်တွေသေချာပေါက်အကြိုက်တွေ့မှာပါ။ကျွန်တော်ဇာတ်လမ်းအကြောင်းလေးနည်းနည်းပြောပြပါ့မယ်။အပိုင်း၂မှာကတော့ဇောရိုးနဲ့ အလီနာတို့ရဲ့ရင်သွေးလေးပါဝင်လာပါပြီ။ ကယ်လီဖိုးနီးယားကိုအမေရိကန်ပြည်ထောင်စုနဲ့ အတူတူပူးပေါင်းနိင်ဖို့အတွက် ဇောရိုးဦးဆောင်ပြီးကြိုးစားပုံ၊ ထူးဆန်းတဲ့ဗုံးလက်နက်ကိုတီထွင်တဲ့ မြို့စားအာမန်ဇောရိုးရဲ့ဇနီးချောလေးအလီနာ၊စွန့်စားမှုတွေကိုခုံမင်တဲ့ဇောရိုးနဲ့အလီနာတို့ရဲ့သားလေး ဂျိူ အာကွင်းအန္တရာယ်တောတွင်းထဲကနေ ဇောရိုးနဲ့အလီနာတို့ ကယ်လီဖိုးနီးယားကိုဘယ်လိုကာကွယ်မလဲ စသဖြင့် သည်းထိပ်ရင်ဖိုစွန့်စားမှု အချစ်အလွမ်းအဆွေး အကြမ်းစသဖြင့်ပရိတ်သတ်တွေကို ဇာတ်လမ်းစလယ်ဆုံးဆွဲဆောင်သွားပါလိမ့်မယ်။ကဲ . . . စိတ်ဝင်စားမှုများလာရင်တော့ ဒေါင်းသာကြည့်ကြပါတော့ . . .(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသာသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)ZAWGYIဒီဇာတ္ကားေလးကေတာ့ ကြၽန္ေတာ္(စိုးေထြး)ရဲ႕(၁၀)ကားေျမာက္ဘာသာျပန္ကားေလးျဖစ္ပါတယ္။IMDb rating 6.0/10ရရွိထားတဲ့ဒီဇာတ္ကားကို ေဇာ႐ိုးဆိုတာနဲ႔cmပရိတ္သတ္ေတြရင္းနီးၿပီးသားျဖစ္ပါလိမ့္မယ္။ေဇာ႐ိုးျဖစ္တည္လာပုံအစပိုင္း အပိုင္း(၁)ကိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕cmမွာတင္ၿပီးထားပါၿပီ။ အပိုင္း(၁)ၾကည့္ၿပီးဆံ့တငံ့ငံ့ျဖစ္ေနတဲ့ ပရိတ္သတ္ေတြရဲ႕လိုအင္ဆႏၵကိုျဖည့္ဆည္းေပးဖို႔ အပိုင္း(၂)ေလးကိုပရိတ္သတ္ေတြဆီအေရာက္ပို႔လိုက္ပါၿပီ။ ေဇာ႐ိုးအပိုင္း(၁)ကေတာ္ေတာ္ေလးကိုေကာင္းပါတယ္။ အပိုင္း(၂)ကလည္း အပိုင္း၁နဲ႔မျခားအရမ္းေကာင္း ပါတယ္။Channel Myanmar ပရိတ္သတ္ေတြေသခ်ာေပါက္အႀကိဳက္ေတြ႕မွာပါ။ကြၽန္ေတာ္ဇာတ္လမ္းအေၾကာင္းေလးနည္းနည္းေျပာျပပါ့မယ္။အပိုင္း၂မွာကေတာ့ေဇာ႐ိုးနဲ႔ အလီနာတို႔ရဲ႕ရင္ေသြးေလးပါဝင္လာပါၿပီ။ ကယ္လီဖိုးနီးယားကိုအေမရိကန္ျပည္ေထာင္စုနဲ႔ အတူတူပူးေပါင္းနိင္ဖို႔အတြက္ ေဇာ႐ိုးဦးေဆာင္ၿပီးႀကိဳးစားပုံ၊ ထူးဆန္းတဲ့ဗုံးလက္နက္ကိုတီထြင္တဲ့ ၿမိဳ႕စားအာမန္ေဇာ႐ိုးရဲ႕ဇနီးေခ်ာေလးအလီနာ၊စြန႔္စားမႈေတြကိုခုံမင္တဲ့ေဇာ႐ိုးနဲ႔အလီနာတို႔ရဲ႕သားေလး ဂ်ိဴ အာကြင္းအႏၲရာယ္ေတာတြင္းထဲကေန ေဇာ႐ိုးနဲ႔အလီနာတို႔ ကယ္လီဖိုးနီးယားကိုဘယ္လိုကာကြယ္မလဲ စသျဖင့္ သည္းထိပ္ရင္ဖိုစြန႔္စားမႈ အခ်စ္အလြမ္းအေဆြး အၾကမ္းစသျဖင့္ပရိတ္သတ္ေတြကို ဇာတ္လမ္းစလယ္ဆုံးဆြဲေဆာင္သြားပါလိမ့္မယ္။ကဲ . . ...
movie

The Legend of Zorro (2005)

2005