Channel Myanmar

Raven Goodwin

Lola (2024)
Lola (2024) ခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ "Lola" ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဒီထဲမှာ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ စိတ်ဒဏ်ရာတွေ၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ကူညီရိုင်းပင်းမှုတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ အခက်ခဲတွေနဲ့ ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်က အရေးပါပုံတွေကို ခေတ်ဆန်ဆန်လေးနဲ့ မပျင်းရအောင် ရိုက်ကူးပြသပေးထားတာဖြစ်လို့ ခုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော်မင်းသမီးလေးရဲ့ နာမည်ကတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Lolaပါ...Lolaကတော့ 'ယောက်ျားလေးဖြစ်ပေမယ့် သူ့အစ်မလို မိန်းကလေးဖြစ်ချင်နေတဲ့ မောင်လေးဖြစ်သူ Arlo' ကို မငြိုငြင်ချစ်ပေး မောင်လေးစိတ်ချမ်းသာအောင် ခေတ်လူငယ်ပီပီ supporting အပြည့်ပေးတဲ့အစ်မတစ်ယောက်ပေါ့.. ဒါပေမဲ့ အမေဖြစ်သူက‌‌ေတာ့ lolaလိုမဟုတ်ဘဲ ဘာသာရေးလည်းအယူသီးပြီး သားဖြစ်သူအဲ့လိုဖြစ်နေတာကို ရွံစရာလို့ ခံယူကာ lolaကိုပါ အပြစ်သားတစ်ယောက်လိုဆက်ဆံနေတဲ့အခါမှာ‌ေတာ့ သူတို့ရဲ့မိသားစုဘဝဟာ toxicဆန်နေပါတော့တယ်အဲ့လို Toxic ဖြစ်နေတဲ့ မိသားစုကနေ မောင်လေးကို ကယ်ထုတ်နိုင်ဖို့အတွက် အလုပ်ကြိုးစားပိုက်ဆံတွေစုရင်း lolaတစ်‌ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူတို့မောင်နှမနှစ်ယောက် ဒီလို toxic family ...
movie

Lola (2024)

Snatched (2017)
Snatched (2017) အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…    1.7 GB /    828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Snatched (2017)

2017