Channel Myanmar

Ray Dittrich

The King of Comedy (1982) 7.8
The King of Comedy (1982) The King of Comedy (1982)မကြည့်ဖူးရင်တောင် မာတင်စကောစဲစီရဲ့ မာစတာပိစ်ကားဖြစ်တဲ့ The King Of Comedyကို အများစု သိပြီးသားဖြစ်မှာပါပဲ။ ဂန္တ၀င်စာရင်း၀င်တဲ့ နှောင်းလူတွေ မကြာမကြာမှီငြမ်းခံရတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အမျိုးအစားက Black Comedyဆိုတော့ အဲဒီ Black Comedyဆိုတာ ဘာလဲ အရင်ရှင်းတာ ကောင်းပါလိမ့်မယ်။ BC ဘာလဲဆိုတာကို မောင်သာရ စာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ အမာရွတ်ကြည့်ကာ ရယ်ရသည်ဆိုတဲ့ စကားလုံးနဲ့ ဥပမာပေးရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။“ စိတ္တဇဆေးရုံတစ်ခုမှာ ဆေးရုံခေါင်မိုးပေါ်ကနေ လူနာတွေ တစ်ယောက်ပြီးတစ်ယောက် ခုန်ချနေကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးရောက်လာပြီး "ဘာလို့ ခုန်ချနေကြတာလဲ"လို့မေးတော့ လူနာတစ်ယောက်ကပြန်ဖြေတယ်။ လေယာဉ်ပျံစီးတမ်း ကစားနေကြတာတဲ့။ အဲဒါနဲ့ တာဝန်ကျဆရာဝန်ရော မတွေ့ပါလား။ ဘယ်ရောက်သွားလဲဆိုတော့ လူနာက ပြန်ဖြေတယ်။ ပထမ Flight နဲ့ ထည့်ပေးလိုက်ပြီ‌လေတဲ့...”အဲဒီဟာသလေးကို ကြားဖူးကြလားမသိဘူး။ ရယ်ရလားဆိုတော့ ...
movie

The King of Comedy (1982)

1982
Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)