Channel Myanmar

Ray Galletti

Shifting Gears (2024) 6.3
Shifting Gears (2024)  ဂျက်စ်ဆိုတဲ့ အမျိုးသမီးလေးက ကားပြင်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းဂန္ဒဝင်ကားတွေကို ပြန် Modify လုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့လူတစ်ယောက်ပါ။ဖအေဖြစ်သူ ဖွင့်ထားတဲ့ ဝပ်ရှော့လေးမှာ လုပ်ကိုင်နေတာပေါ့။ တစ်ရက်ကျ သူတို့ဝပ်ရှော့နေရာက အပြိုင်အဆိုင်များလာတဲ့အတွက် မြေပိုင်ရှင်က ဈေးပိုတောင်းလာတဲ့အခါ သားအဖနှစ်ယောက် အကျပ်အတည်း ဖြစ်တာပေါ့။ ဒီလိုနဲ့ လူအများရှေ့ရောက်ရင် ချွေးစီးတွေပြန်ပြီး လူကြောက်တတ်တဲ့ ဂျက်စ်တစ်ယောက် ဝပ်ရှော့လေးကို ကယ်တင်ဖို့အတွက် ကားတွေကို ပြန်မွမ်းမံပြင်ဆင်ရတဲ့ အစီအစဉ်တစ်ခုကို ဝင်ပြိုင်ပါတော့တယ်။ဖြစ်ချင်တော့ ပြိုင်ပွဲဝင်ထဲကတစ်ယောက်က ရည်းစားဟောင်း ဖြစ်နေတဲ့အပြင် အဖေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းလေးကလည်း ရှိခဲ့တော့ ဘုနဲ့ဘောက် နှစ်ယောက်သား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ကာ ဝပ်ရှော့လေးကို ကယ်တင်သွားနိုင်မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် အချစ်ဟာသ ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Shifting Gears (2024)

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Flipping for Christmas (2023) 6.0
Flipping for Christmas (2023)  ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်ကားလေးကတော့ Enemies to Lover အမျိုးအစားလေးလို့ ဆိုလို့ရပါတယ်။အက်ဘီဂဲလ်ဆိုတာက အိမ်တွေကို ပြုပြင်မွမ်းမံပြီး ပြန်ရောင်းသူ တစ်ဦးဖြစ်ပြီး ခရစ်စမတ်မတိုင်မှာ သူ အလုပ်နှစ်ခု ရခဲ့တယ်။ တစ်ခုက သူ့ခဲအိုရဲ့ အဘိုးဆီက အမွေရထားတဲ့အိမ်ကို မွမ်းမံပြီးပြန်ရောင်းဖို့နဲ့ နောက်တစ်ခုက DevaCore ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဆီက အခန်း ၁၀၀ ပါတဲ့ ကွန်ဒိုတစ်ခုတစ်ခုအတွက် အရောင်းအေးဂျင့်အဖြစ် ငှားရမ်းခဲ့မှု။အက်ဘီက ခရစ်စမတ်နေ့အကြိုနေ့မှာ Brenbury ဆိုတဲ့ မြို့သေးသေးလေးက သူ့မိသားစုအိမ်ကို ပြန်လာခဲ့တယ်။ အဲကာလအတွင်းလေးမှာပဲ သူက သူ့ခဲအိုရဲ့ အမွေရထားတဲ့အိမ်ကို မွမ်းမံရောင်းချပေးဖို့ပေါ့။ ဒါပေမဲ့ အဲအိမ်က သူ့ခဲအိုတစ်ဦးတည်းပိုင် မဟုတ်နေခဲ့ဘဲ ဘို ဆိုတဲ့ လက်သမားတစ်ယောက်ကိုပါ ခွဲပေးခဲ့တာဖြစ်နေခဲ့တယ်။ ဘိုကတော့ အိမ်ကို မရောင်းဘဲ “Bed & Breakfast” နေရာတစ်ခုအဖြစ်ပဲ ပြောင်းလဲချင်တယ်။အဲလို အတွေးမတူကြတဲ့ နှစ်ယောက်ကြား အဲအိမ်က ...
movie

Flipping for Christmas (2023)

Are We There Yet?(2005) 4.7
Are We There Yet?(2005) Are we there yet (2005)===================ကလေးတွေဆိုတာက မရှိမကောင်းရှိမကောင်းလေးတွေ။ရှိနေပြန်ရင်လည်း သူတို့အတွက်အမြဲစိုးရိမ်ပူပန်နေရတတ်သလို မရှိပြန်ရင်လည်းဘ၀ကြီးကအထီးကျန်နေပြန်ရော။နစ်ခ်ပါဆန် ဆိုတာ ဘောစိ မိန်းမတွေထည်လဲတွဲဘ၀ကြီးကိုအပူအပင်မရှိဖြတ်သန်းနေတဲ့လူ။ တခုပဲရှိတာကသူက ကလေးတွေဆိုရင်ကြည့်လို့ကိုမရဘူး။စိတ်တိုရအောင်အမြဲလုပ်တဲ့ဂြိုဟ်ကောင်လေးတွေလို့ပဲမြင်တာ။ ဒီလိုလူက ကလေးနှစ်ယောက်အမေဖြစ်သလောက်အရမ်းလန်းတဲ့ဆူဇန်ဆိုတဲ့အမျိုးသမီးကိုမှသွားကြိုက်မိတယ်။ နစ်ခ်ရဲ့စရိုက်ကိုမကြိုက်တဲ့‌ဆူဇန်ကငြင်းလိုက်ပြီး သူငယ်ချင်းအနေနဲ့ပဲလက်ခံခဲ့တယ်။တစ်နေ့မှာ ဆူဇန်ရဲ့ကလေးတွေကို နှစ်သစ်ကူးမှာကနေဒါကိုခေါ်လာပေးဖို့အကြောင်းဖန်လာခဲ့တာဟာနစ်ခ်အတွက်တော့အမှတ်ယူ တဆင့်တက်ဖို့အခွင့်အရေးပဲ။ခက်တာက ဒီကလေးနှစ်ကောင်ကယ်ဗင်နဲ့လင်ဆီက တကယ့်ပြသာနာအိုးလေးတွေ။နစ်ခ်ကို သည်ယုန်မြင်လို့သည်ချုံထွင်နေတာသိတဲ့သူတို့ကဘယ်လိုမျိုးပညာတွေ၀ိုင်းပြကြမလဲ။နစ်ခ်တယောက်ကရော ကနေဒါကိုရှောရှောရှုရှုရောက်နိုင်ပါ့မလားသူ့အတွက်ရောအဖြေကဘာဖြစ်မလဲဆိုတာကိုဒီမိသားစုခရစ်စ္စမတ်ဟာသကားလေးမှာရှုစားပေးကြပါဦး...... File size…2.21GB / 985MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Are We There Yet?(2005)

The Core (2003) 5.5
The Core (2003) မိတ်ဆွေတို့ မင်းသားကြီး Bruce Willis ရဲ့ Armageddon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို ဒုတိယ Armageddon လို့ပဲ ညွှန်းပေးပါရစေ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်စွန့်ပြီး စွန့်စားခန်းဖွင့်ကြတဲ့ သူရဲကောင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကတော့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မှာ သံရည်ပူတွေဟာ တစ်စက္ကန့်ကို မိုင်ပေါင်းများစွာအမြန်နှုန်းနဲ့ လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်မှုကထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာတောင်/မြောက်ဝင်ရိုးစွန်းတွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားရင်း နေရောင်ခြည်ရဲ့လောင်ကျွမ်းမှုကို ကာကွယ်ပေးထားတာပါ။ အဲဒီအချိန်မှာတော့ အဲဒီလည်ပတ်မှုကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးရတော့မယ် အခြေအနေရောက်လာပါပြီ။ အဲဒီအခြေအနေကို ကာကွယ်ဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ မိုင်ပေါင်းများစွာသော မြေထုနဲ့အလွှာမျိုးစုံကို ဖောက်ဝင်ပြီး ကမ္ဘာ့အလယ်ကိုသွားရောက်ဖို့ ကြုံလာရတဲ့အခါ.....ဒီကားဟာလည်း rating နည်းပါတယ်။ 5.5 ပါ။ အကြောင်းရင်းကတော့ ...
movie

The Core (2003)