Channel Myanmar

Ray Olubowale

Resident Evil: Afterlife (2010)
Resident Evil: Afterlife (2010) ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွား​တွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့​ပေမဲ့ မ​အောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီ​နောက် ၆လအ​ကြာမှာ တတိယ​မြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာ​ကေးဒီးယားဆိုတဲ့ လွတ်​မြောက်ရာ​ဟာ တကယ်မဟုတ်မှန်း သိသွားတဲ့​အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ ​လျှောက်သွား​ရင်း အယ်အေကို​အ​ရောက်မှာ အကူအညီလိုအပ်​နေတဲ့ လူတစ်စုကို သွား​တွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီ​တွေလက်ကလွတ်​အောင် ကူညီ​ပေးရင်း သူတို့ သိထားတဲ့ အာ​ကေးဒီးယားဆိုတဲ့​ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်​အေနားက သင်္ဘောကြီးတစ်စီး​ပေါ်က ထုတ်လွှင့် ​နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ ​တော့တယ်။ အဲဒီသင်္ဘော​ပေါ်ကိုရောက်မှ ​အဲလ်ဘတ်ဝက်စ်ကာရဲ့ ​ထောင်​ချောက်ဖြစ်​နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘော​ပေါ်မှာ ဖမ်းခံထားတဲ့လူ​တွေကို ကယ်တင်ရပါ​တော့တယ်။  File size…     3.8 GB / 1.5 GB /   710 MB Quality… BluRay 4K / 1080p / ...
movie

Resident Evil: Afterlife (2010)

4K HEVC
Resident Evil: Retribution (2012)
Resident Evil: Retribution (2012) ဒီဇာတ်ကားက Franchiseရဲ့ ပဥ္စမဇာတ်ကားဖြစ်ပြီး ဂိမ်းထဲမှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ လီယွန်ကို င​​ပေါသာသာ လုပ်ထားလို့ ​မေတ္တာပို့သမှု​တွေ အ​တော်ရလိုက်တဲ့ကားဆိုလည်း မမှားပါဘူး။ စတုတ္ထကားအဆုံးမှာ Brainwashခံထားရတဲ့ ​ဂျေးလ် ဖမ်းဆီး တာကို ခံလိုက်ရတဲ့ အဲလစ်ဟာ အမ်ဘရဲလားရဲ့ zombie ကပ် သရုပ်​ဖော်ဌာနထဲမှာ ဖမ်းချုပ်ခံထားခဲ့ရပါတယ်။အဲဒီ​မြေ​အောက်စမ်းသပ်ခန်းက​နေ သူ့ကိုလာကယ်မယ့်လူ​တွေနဲ့ ဆုံမှတ်​ကိုသွားဖို့ ကြိုးစားရင်း ဂျပန်၊ ​မော်စကို၊ နယူး​ယောက်လို ဇွန်ဘီကပ်​ဘေးကို သရုပ်ပြဖို့ ဖန်တီးထားတဲ့ မြို့အတု​တွေထဲမှာ ဇွန်ဘီအစစ်​တွေကိုကျော်နိုင်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒီအပြင် Brainwashခံထားရတဲ့ ​ဂျေးလ်ဗယ်လင်တိုင်းကလည်း အဲလစ် မလွတ်​​မြောက်ရေး အ​သေအ​​ကြေ လိုက်လံတားဆီးတဲ့အတွက် သူနဲ့ပါ ထိပ်တိုက်​တွေ့ရဖို့ ဖြစ်လာပါ​တော့တယ်။  File size…    3.8 GB / 1.4 GB /  687  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 36m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Resident Evil: Retribution (2012)

4K HEVC