Channel Myanmar

Ray Walston

Of Mice and Men (1992) 7.5
Of Mice and Men (1992) Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie

Of Mice and Men (1992)

1992
[18+] Private School (1983) 5.3
[18+] Private School (1983) ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။  File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

[18+] Private School (1983)

[18+] Fast Times at Ridgemont High (1982)
[18+] Fast Times at Ridgemont High (1982) IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie

[18+] Fast Times at Ridgemont High (1982)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)