Channel Myanmar

Raymond Thiry

Crypto Boy (2023)
Crypto Boy (2023)  ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama ...
movie

Crypto Boy (2023)

Quo vadis, Aida?(2020) 7.9
Quo vadis, Aida?(2020) Quo Vadis, Aida ?(2021) =================== IMDb Rating. = 7.9/10 Rotten Tomatoes = 100%July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ...
movie

Quo vadis, Aida?(2020)

2020
The Resistance Banker 2018 7.0
The Resistance Banker 2018 Netflix က တင်ဆက်တဲ့ ရုပ်ရှင်တော်တော်များများဟာ ဖြစ်ရပ်မှန်တွေကိုရုပ်ရှင်အဖြစ် ပြန်လည်  ရိုက်ကူးထားတာ များပါတယ်ဒီရုပ်ရှင်ဟာ ဂျာမန်တွေကို စစ်ရှုံးအောင် ဒက်ချ် တော်လှန်ရေးတပ်တွေ အရေးသာအောင် တရားမဝင်ဘဏ် ဖွင့်လှစ်ပြီးနိုင်ငံ နဲ့ လူမျိုး အတွက် ကယ်တင်ခဲ့တဲ့ ဗန်ဟော မိသားစု ရဲ့ဖြစ်ရပ်မှန် ဇတ်လမ်းလေးပါ....ဝယ်လီဗန်ဟော ဟာ ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်ပြီးမျိုးချစ်စိတ် ရှိတဲ့ လူ တစ်ဦးဖြစ်ပါတယ်ဂျာမန်တွေ ဟာ ဘဏ်တွေထိပါ ဝင်ရောက်စီးနင်းပြီးစီးပွားရေး ဆိုင်ရာအရ တော်လှန်ရေး နဲ့ နိုင်ငံရေးတွေမှာဝင်ပါမှု မရှိအောင် ပြုလုပ်ကြပါတယ်...တစ်ချို့ လူတွေဆို စီးပွားရေးမကောင်းလို့သတ်သေတဲ့သူတွေက သတ်သေကြပါတယ်တစ်ရက်မှာတော့ ဝယ်လီ ဆီသို့ လူတစ်ဦးရောက်လာပါတယ်တော်ဝင်ရေတပ်အရာရှိ ဗွန်ဒယ်ဘယ်ရီ ဖြစ်ပြီးဗန်ဟော မိသားစု ဟာ ဘဏ်လုပ်ငန်းဆိုင်ရာဘက်မှာအကျွမ်းတဝင် ရှိပြီး နာမည်ရထားသူများ ဖြစ်တဲ့အတွက်စီးပွားရေးသမားများကို ပေါင်းစုပြီး လျို့ဝှတ်ဘဏ်တစ်ခုဖွင့်လှစ်ဖို့ တိုင်ပင်ခဲ့ပါတယ်...ထိုဘဏ် မှာ စီးပွားရေးသမားတွေ ရင်းနှီးမြုတ်နှံပြီးစစ်ပွဲ ကာလ အတွင်းတော်လှန်ရေး တပ်တွေအတွက်ပံ့ပိုးပေးရမှာ ဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ အရင်း ရော အမြတ်ပါအစိုးရ က ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်...ဒီလုပ်ငန်းအတွက် နိုင်ငံ နဲ့ ...
movie

The Resistance Banker 2018

2018