Channel Myanmar

Rebecca Dalton

Dream Wedding (2023) 5.6
Dream Wedding (2023) Dream Wedding (2023) ==================ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့  ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ...
movie

Dream Wedding (2023)

2023
The Dog Lover’s Guide to Dating (2023) 6.1
The Dog Lover’s Guide to Dating (2023) ဒီဇာတ်ကားလေးဟာ လောလောလတ်လတ်ထွက်ရှိထားတဲ့ Romance and Comedy အမျိုးအစားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ခွေးလေးတွေချစ်တတ်တဲ့သူတွေအတွက် ခွေးထိန်းရင်းရည်းစားရအောင်လုပ်နည်းတွေပြောပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာ လူတွေကိုအယုံအကြည်မရှိတော့လို့ခွေးလေးတွေထိန်းကျောင်းရင်းနဲ့ပဲဘဝကိုဖြတ်သန်းသွားချင်တော့တယ်ဆိုတဲ့ ခွေးလေးတွေကိုနည်းပြလုပ်ပေးတဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့ နာမည်ကြီးကြော်ငြာထုတ်လုပ်ရေးပိုင်ရှင် ဆိုင်မန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုစီးမြောခံစားကြရမှာပါ။ငယ်စဉ်ကတည်းကဖခင်ဖြစ်သူက စွန့်ပစ်သွားတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရွယ်ရောက်ချိန်မှာ ရည်းစားထား အိမ်ထောင်ပြုဖို့အယုံအကြည်မရှိတော့တဲ့အဲလက်စ်တစ်ယောက်ဟာ ခွေးလေးတွေနဲ့ပဲအချိန်ကုန်ဆုံးရင်းတစ်နေ့မှာဆိုင်မန်နဲ့ အမှတ်မထင်ဆုံခဲ့ကြရာက ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့တာပါ။ ဆိုင်မန်ဟာ ကလိုဝီဆိုတဲ့နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ရဲ့အချစ်ကိုရဖို့ကလိုဝီရဲ့ခွေးလေးဆိုင်မန်နဲ့ အရင်နီးစပ်ဖို့လိုတာမို့ ဆွေးလေးဆိုင်မန်ကိုယဉ်ပါးအောင်ထိန်းကျောင်းဖို့အဲလက်စ်ဆီကနေအကြံပြုချက်လေးတွေသင်ယူရင်းနောက်ဆုံးမှာ သူ့ကိုယ်သူရှာတွေ့သွားပြီး အချစ်အကြောင်းဘာမှမသိပါဘူးဆိုတဲ့ဆရာမကြီးအဲလက်စ်ရဲ့အချစ်သင်ခန်းစာတွေမှာတဖြည်းဖြည်းနစ်ဝင်သွားကာအချစ်ဆိုတဲ့အရသာကိုခံစားမိသွားပြီး အချစ်နောက်ကို တကောက်ကောက်လိုက်ခဲ့ပုံနဲ့ အချစ်ကိုရောလူတွေကိုရောအယုံအကြည်မရှိပါဘူးဆိုပြီးစကားအကုန်ပြောထားတဲ့ဆရာမကြီးအဲလက်စ်ဟာဆိုင်မန့်ကိုသင်ခန်းစာတွေသင်ပေးရင်းသူကိုယ်တိုင်အချစ်မှာကျရှုံးခဲ့ရပုံကိုတစ်ဝကြီးခံစားကြည့်ရှူရမှာပါ။ File size…(1.7 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone
movie

The Dog Lover’s Guide to Dating (2023)