Channel Myanmar

Rebecca Henderson

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

You Hurt My Feelings (2023) 7
You Hurt My Feelings (2023) You Hurt My Feelings (2023)~ IMDb - 7/10, Rotten Tomatoes - 95% ~တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ ...
movie

You Hurt My Feelings (2023)

2023
Compliance (2012)
Compliance (2012) ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့‌တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Compliance (2012)

Werewolves Within (2021) 6
Werewolves Within (2021) Werewolves Within (2021)[Subtitle Error Fixed]~ IMDb - 6/10, Rotten Tomatoes - 86% ~ " လူတိုင်းက လ လိုပဲ။ လူတိုင်းမှာ ဘယ်သူမှ မမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ " - Mark Twain၂၀၂၁ ထွက် Horror, Comedy ဇာတ်ကားလေးပါ။ Werewolves Within ဆိုတော့ Cherokee အင်ဒီးယန်းလူမျိုးစုရဲ့ စကားပုံလေးလိုပေါ့။ ကျွန်တော်တို့ စိတ်အတွင်းမှာ ဝံပုလွေနှစ်ကောင်ရှိတယ်။ တစ်ကောင်က ကောင်းတယ်။ တစ်ကောင်ကဆိုးတယ်။ ခင်ဗျားအစာကျွေးတဲ့ ကောင်က နိုင်သွားလိမ့်မယ်တဲ့။ ဒီဇာတ်ကားမှာ ဇာတ်ကောင်တွေရဲ့ ဝံပုလွေတွေ ထွက်လာပြီး အချင်းချင်း ကိုက်ဖြတ်ကြတာကို တွေ့ရပါလိမ့်မယ်။သဘောကောင်းလွန်းလို့ ရည်းစားဖြတ်ခံလိုက်ရတဲ့ ရိန်းဂျား ဖင်း တစ်ယောက် နယ်မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း ဒေသခံတွေက တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ကြတာပေါ့။ ...
movie

Werewolves Within (2021)

2021
Sex Appeal (2022)
Sex Appeal (2022) တကယ်တော့ ဒီအညွှန်းကို ဘယ်လိုရေးရမလဲလို့ အကြာကြီးစဉ်းစားခဲ့ရတယ်..။ လိင်မှုဆိုတာမျိုးက ပွင့်ပွင့်လင်းလင်း မဖော်ပြအပ်တဲ့ကိစ္စပဲလို့ အများကြီး သင်ယူထားခဲ့ရတာကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်..။လိင်ကိစ္စဟာ လျှို့ဝှက်အပ်သော..၊ ဖုံးကွယ်ထားအပ်သော ကိစ္စတစ်ရပ်မဟုတ်ပဲ ဘေးကင်းစွာဆက်ယှက်ခြင်းနဲ့ သာယာမှုကို ရဖို့သာ အဓိကပဲဆိုတာကို ယဉ်ကျေးမှုကွာဟခြင်းတွေမှာ မြင်ရမယ်..။ဒီဇာတ်ကားမှာတော့ ခပ်လန်းလန်းမျက်နှာနဲ့ ခန္ဓာကိုယ်ရှိတဲ့ ဉာဏ်ကြီးရှင် ကောင်မလေးတစ်ယောက်ရဲ့ အပျိုရည်ပျက်ဖို့..၊ ဒီအပျိုရည်ကိုမှ ပျော်ပျော်ရွှင်ရွှင် သာယာမှုအထွဋ်ရောက်ပြီး အောင်အောင်မြင်မြင် ပျက်ဖို့အတွက် ကြိုးစားပမ်းစား အားထုတ်နေတာကို မြင်ရမယ်..။ဉာဏ်ကြီးရှင် မိန်းကလေးဟာ ပြိုင်ပွဲတစ်ခုအတွက် အက်ပလီကေးရှင်း တစ်ခု ဖန်တီးဖို့လိုတယ်..။ ပြိုင်ပွဲရက်မှာပဲ အပျိုရည်ကလည်း ပျက်ချင်သေးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖောင်းဒိုင်းကောင်းကောင်းလုပ်နိုင်မယ့် အဆင့်တွေကို ပြောပြပေးမယ့် အက်ပလီကေးရှင်းတစ်ခု လုပ်ဖို့ ကြိုးစားပါလေရော..။ဒါပေမဲ့လည်း ဒီအက်ပလီကေးရှင်းထဲကို ထည့်သွင်းဖို့ ဒေတာလိုတဲ့အတွက်..။ ဖောင်းဒိုင်းလုပ်နည်းအသွယ်သွယ် အချက်အလက်တွေကို ဘယ်က သွားရှာရမလဲ..? ဘယ်သူတွေဆီက ရမလဲ ?​ဒီဇာတ်ကားကို ကြည့်နေရင်းနဲ့ တလွဲတွေလည်း ...
movie

Sex Appeal (2022)

They Remain (2018) 5.7
They Remain (2018) They Remain ဆိုတဲ့ ဇာတ်လမ်းကတော့ Thriller/Horror အမျိုးအစားဖြစ်ပါတယ်။Rotten Tomato 61% ရထားတဲ့ ဘဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Keith နဲ့ Jessica ဆိုတဲ့ သုတေသန ပညာရှင်နှစ်ယောက်က သစ်တောတစ်ခုထဲမှာ အမည်ဖော်လို့မရတဲ့ အရာတစ်ခုကို ဖော်ထုတ်ပြီးသုတေသနလုပ်ဖို့ စေခိုင်းခံရပါတယ်။ပထမတော့ သူတို့နှစ်ယောက်ဟာ တိရိစ္ဆာန် မျိုးရိုးဗီဇအသစ်နဲ့ အပင်မျိုးစိတ်အသစ်ကိုပဲ သုတေသနပြုလုပ်ရမယ်လို့ထင်ကြပါတယ်။သူတို့ သုတေသန ပြုလုပ်ရမယ့် သစ်တောနားက ကွင်းပြင်မှာပဲ စခန်းချပြီး စတင် ရှာဖွေကြပါတော့တယ်။ဒါပေမဲ့ သူတို့သိလိုက်ရတာက တစ်ချိန်က လူပေါင်းမြောက်မြားစွာ အသတ်ခံရပြီးကိုအဲ့ဒီနေရာမှာပဲ မြုပ်နှံထားတာပဲဖြစ်ပါတယ်။အဲဒီနေရာမှာ လူဆိုလို့ သူတို့နှစ်ယောက်ပဲရှိပေမဲ့ သူတို့တွေ့တွေ့နေရတဲ့ လူအရိပ်တွေ ခေါ်သံတွေ တံခါးခေါက်သံတွေက ဘာတွေလဲ သူတို့ဘာသာစိတ်ထင်လို့ဖြစ်တာလား တကယ်သူတို့ကို ကိုယ်ယောင်လာပြတာလား ပရလောကသားတွေက သူတို့နှစ်ယောက်ကို ဘာများ ပြောချင်တာလဲ သူတို့ကရော အဲလိုထူးဆန်းတဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက်ပဲပါတယ်ဆိုပေမဲ့ တကယ်ပျင်းစရာမကောင်းပဲ ကြည့်တဲ့သူကို ...
movie

They Remain (2018)

2018