Channel Myanmar

Rebecca Perle

[18+] Bachelor Party (1984) 6.3
[18+] Bachelor Party (1984) ဦးTom Hanksကြီးဟာ အခုမှသာ ဒရာမာကားတွေ လူတွေငို​စေတဲ့ကားတွေ ရိုက်နေတာ သူ ငယ်စဉ်အချိန်တွေတုန်းကတော့ လူငယ်ဆန်ဆန်ကားလေးတွေနဲ့ပဲ စခဲ့ရတာဖြစ်ပါတယ်။၁၉၈၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီကားလေးဟာ 80s အ​နောက်ပိုင်းသား ဗရုတ်များရဲ့ ​နေထိုင်​ပြောဆိုပုံ​တွေကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်...ရစ်ခ်ဟာ ​ကျောင်းကားလေးကို အငှား​မောင်းသူတစ်​ယောက်ဖြစ်ပြီး ဘဝကို ​ပေါ့​ပေါ့တန်တန် ဖြတ်သန်းသူပါ ဒါ​ပေမဲ့ သူ့ချစ်သူက​တော့ ဂုဏ်သ​ရေရှိ သူ​ဌေးသမီး တစ်​ယောက်ဖြစ်တဲ့ အ​လျောက် ​ယောက္ခထီးက သ​ဘောမတူသလို သူ့ထက်အရာရာသာတဲ့ ​ကောင်မ​လေးရဲ့ ရည်းစား​ဟောင်းကလည်း ပြိုင်ဘက် အဖြစ် ရှိ​နေပါတယ်သူတို့ ၂ဦး လက်ထပ်တော့မယ့်အ​ကြောင်း ရစ်ခ် တစ်‌ယောက် ချစ်ရတဲ့သူငယ်ချင်း​တွေကို ​ပြောပြလိုက်တဲ့အခါ သူတို့က ရစ်ခ်အတွက် လူပျိုညပါတီကို စီစဉ်​ပေးကြပါ​တော့တယ်... မိုင်ကုန်ကဲကြမယ်​ပေါ့ကဲကြတယ်ဆိုတဲ့အတိုင်း မိန်းမ မရခင် သောက်ကြ၊ စားကြ၊ ​ဆေးချကြ၊ မိန်းမပျက်တွေနဲ့ ပျော်ပါးကြ​ပေါ့။အ​နောက်တိုင်းသားများအတွက်တော့ လူပျိုည ပါတီမှာ ညဥ့်ငှက်​လေး​တွေနဲ့ ​ပျော်ပါးတာဟာ ထုံးစံတစ်ခုလိုကို ...
movie

[18+] Bachelor Party (1984)

Heartbreak Ridge (1986) 6.9
Heartbreak Ridge (1986) Heartbreak Ridge (1986) ~ IMDb - 6.9/10, RT -68%, Meta - 53% ~"ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ"- အရာခံဗိုလ် စတုန်နီ ဂျက်ဆင် (Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)မီးခိုးတလူလူ ယမ်းခိုးတ‌ဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ ...
movie

Heartbreak Ridge (1986)

1986