Channel Myanmar

Rebecca Rittenhouse

Don’t Worry, He Won’t Get Far on Foot(2018) 6.9
Don’t Worry, He Won’t Get Far on Foot(2018) Don't Worry, He Won't Get Far on Foot(2018)အညႊန္း**********************************************IMDB rating -6.9 Rotten tomato – 76%(unicode)Joker 2019 နဲ့လူသိများခဲ့တဲ့ Joaquin Phoenix ရဲ့ဇာတ်ကားသစ်ပါ... သူကတော့ John Callahan အဖြစ်သရုပ်ဆောင်ထားပါတယ်...“ကျွန်တော့်အမေနဲ့ပက်သက်တာဆိုလို့သုံးခုပဲ သိတယ် သူက အမေရိကန်အိုင်းရစ်လူမျိုး ဆံပင် အနီ နဲ့ ကျောင်းဆရာမတစ်ယောက် ဟုတ်တယ် သူ ကျွန်တော့်ကိုမလိုချင်ခဲ့ဘူး လေးခုပေါ့” အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ကာတွန်းဆရာ ဂျွန်ကလာဟန် သူ့ကိုယ်သူမိတ်ဆက်တိုင်းမှာပါနေကြစကားလေးပါ ငယ်ငယ်ကတည်းက အမေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တာငတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ...ခံစားချက်တွေဖုံးကွယ်ဖို့အသက် ၁၃နှစ်ကတည်းက အရက်ကိုနှစ်ခြိုက်စွာစသောက်ခဲ့တယ်..ဒါတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲပြောရမလားမသိ..ကားအက်ဆီးဒန့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တယ် ... မူလကထဲက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေရှိတဲ့သူ ဟာ အောက်ပိုင်းသေသွားတဲ့အတွက်ကြောင့် ပိုဆိုးလာခဲ့တယ်....တစ်နေ့တော့ သူအရက်မသောက်ပဲ ကျောင်းတက်ပြီး သူနှစ်သက်တဲ့အလုပ်တစ်ခုလုပ်ကာ သူ့ဘ၀ကိုအရှုံးမပေးဖို့စတင်ကြိုးစားပါတော့တယ်... သူဘယ်လိုကြိုးစားလဲ...အောက်ပိုင်းသေနေတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့လဲ... ဒီဇာတ်ကားက တော့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်... ကာတွန်းတွေ တစ်ချက်ထိ ဟာသ သရောကာတွန်းလေးတွေရေးတဲ့အပြင် ကာတွန်းစီးရီးတွေနဲ့အောင်မြင်မှုရခဲ့တဲ့ John Callahan အကြောင်းကို ရိုက်ပြထားတာပါ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo ...
movie

Don’t Worry, He Won’t Get Far on Foot(2018)

2018
Unfriended: Dark Web (2018) 5.6
Unfriended: Dark Web (2018) ဒီဇာတ်ကားလေးကတော့ ၂၀၁၄ Unfriended ရဲ့ အဆက် horror ဇာတ်ကားတစ်ကားပါ သို့ပေမယ့် ပါဝင်တဲ့ ကာရိုက်တာတွေတော့ မတူကြပါဘူးဇာတ်လမ်းအကျဉ်းအကြောင်းကို မပြောခင် ဒီဇာတ်ကားတစ်ကားလုံးကို ကွန်ပျူတာ Screen ပေါ်ကနေမြင်ရတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ မျက်စိမယဉ်သူတွေအဖို့ ကြည်ရတာရှုပ်နေလောက်မယ်ဆိုတာ စကားခံထားပါရစေဇာတ်လမ်းအကျဉ်းကတော့ တစ်ယောက်တစ်နေရာစီမှာ နေကြတဲ့ သူငယ်ချင်းတစ်အုပ် ညဆိုSkype နဲ့ စကားစမြည်ပြော ဂိမ်းတွေဆော့ကြပါတယ်မိုင်တီယာဆိုတဲ့ ဂိမ်းထွင်တဲ့ အိုင်တီသမားကောင်လေးရယ် သူ့ချစ်သူ ဆွံအနားမကြားကောင်မလေး အမာယာရယ်နာရိနဲ့ဆယ်လီနာတို့ Lesbian အတွဲရယ် လန်ဒန်က အိုင်တီ geek ဒေမွန်ရယ် အူကြောင်ကြောင် အေဂျေရယ်ပေါ့ပြသနာက မိုင်တီယာတစ်ယောက်ကော်ဖီဆိုင်တစ်ဆိုင်က ပိုင်ရှင်မဲ့လက်တော့ပ်တစ်လုံးကိုဘုမသိ ဘမသိယူလာရာကစတာပါပဲအဲ့လက်တော့ပ်ထဲက တရားမဝင် အင်တာနက်dark web တွေပေါ်က ရာဇဝတ်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ဦးပိုင်တာပါလူသတ်ဖို့ဝန်မလေးတဲ့ ထိုသူက သူ့လက်တော့ပ်ကို ပြန်လိုချင်လာတဲ့အခါ...ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါနော်IMDB rating 5.6 ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ) File Size : (750 ...
movie


2018