Channel Myanmar

Redouanne Harjane

Earth and Blood (2020) 5.2
Earth and Blood (2020)  2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီးIMDb Rating 5.2 လည်း  ရရှိထားပါတယ်..စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာသိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်းတွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာအလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကိုသိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက်ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…770MB / 391MB Quality…WEB-Dl 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Earth and Blood (2020)

MFKZ (2017) 6.7
MFKZ (2017) ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီ Mutafukaz လို့ခေါ်တဲ့ ‌animation ‌ကလဲ အဲဒီလိုပါပဲ။Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့သူငယ်ချင်းသုံးယောက် ‌Dark Meat City လို့ခေါ်တဲ့ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့်ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်းစော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့super power တွေရလာပါတော့တယ်။ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ ‌ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ‌ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရောထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ ...
movie

MFKZ (2017)

2017
The New Toy (2022) 6.0
The New Toy (2022) The New Toy (2022) ================ IMDb Rating - 6.0/10ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ...
movie

The New Toy (2022)

2022