Channel Myanmar

Régis Romele

Marinette (2023)
Marinette (2023)  CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin 
movie

Marinette (2023)

Summit Fever (2022) 5.1
Summit Fever (2022) Summit Fever (2022) ================‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(3.5 GB) / (1.6 GB) / (640 ...
movie

Summit Fever (2022)

2022