Channel Myanmar

Remy Ishak

Blood Flower (2022) 5.7
Blood Flower (2022) Blood Flower (2022)ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ...
movie

Blood Flower (2022)

2022
Beautiful Pain (2016) 7
Beautiful Pain (2016) Beautiful Pain (2016)မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့...သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Beautiful Pain (2016)

2016
Sangkar (2019) 6.6
Sangkar (2019) Sangkar 2019 IMDb 6.6ကြမ်းလည်းကြမ်းအဓိပ္ပါယ်လည်းရှိတဲ့ရုပ်ရှင်ပါMMA ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့အဒမ် နဲ့ ဂျိုဟန်တို့ လေးကြိမ်မြောက်ပြန်တွေ့ကြတဲ့ပွဲမှာ အဒမ်က မတရားတဲ့နည်းလမ်းနဲ့ အနိုင်ရသွားခဲ့ပါတယ်ပွဲပြီးတဲ့နောက် ရပ်ကွက်ရန်ပွဲတစ်ခုမှာသူတို့နှစ်ယောက်လုံးပါရင်းကနေအဒမ်ကြောင့်ပဲ ဂျိုဟန်တစ်ယောက်လည်ပင်းအရိုးကိုထိခိုက်သွားပြီးတစ်ကိုယ်လုံးအကြောသေသွားခဲ့ပါတယ်ငယ်စဉ်တည်းက မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ အလျောက်ဆိုးပေပြီး ထင်ရာစိုင်းခဲ့တဲ့အဒမ် ဟာ သူ့ကြောင့်လူတစ်ယောက်ဘဝပျက်သွားတဲ့ အချိန်မှာ နောင်တအကြီးအကျယ် ရခဲ့ပါတော့တယ်အဲ့ဒီအတွက် ဂျိုဟန်ရဲ့ခွင့်လွှတ်မှုကိုရဖို့သူကိုယ်သူလည်း ခွင့်လွှတ်နိုင်ဖို့ဂျိုဟန်မိသားစုက လဂာ်မခံပေမဲ့ဂျိုဟန်ကို ပြုစုခွင့်ရဖို့ ကြိုးစားပါတယ်အားကိုးစရာမရှိတော့တဲ့ဂျိုဟန်ရဲ့မိသားစုအတွက် ရပ်ကွက်ကြေးစားပွဲတွေထိုးပြီး ပိုက်ဆံရှာပေးခဲ့ပါတယ်"အမှားလုပ်မိရင် တောင်းပန်တတ်ရတယ်ပြင်နိုင်ရမယ်ဆိုတဲ့"မိခင်ရှိစဉ်က ပြောခဲ့တဲ့ ဆုံးမစကားကြောင့်သူ့အမှားအတွက် ခွင့်လွှတ်မှုရှာရင်းပြောင်းလဲသွားတဲ့လူဆိုးတစ်ယောက်အကြောင်းပါMMA ပွဲတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်းကောင်းတဲ့အတွက် ကြည့်ရတာစိတ်ကျေနပ်သလို စိတ်ထဲမှာလဲတစ်ခုခုရှိသွားစေခဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်လဂာ်မလွတ်ဖို့ အကြံပေးပါရစေ ခင်ဗျာ  Translated by Rico suaveEncoded by YKFile Size :1.6GB and 832MBQuality : 1080p WEB DL and 720pSubtitles : Myanmar (Hardsub)
movie

Sangkar (2019)

2019