Channel Myanmar

Renata Flores

Without Saying Goodbye (2022) 5.8
Without Saying Goodbye (2022)  စိတ်အပန်းဖြေစရာ ပီရူးနိုင်ငံက ရှုခင်းတွေကို တစ်ဝကြီးကြည့်ရမယ့်အချစ်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ စပိန်နိုင်ငံက ထိပ်တန်းဗိသုကာပညာရှင်တစ်ယောက်နဲ့ ဘာကိုမှ အနှောင်အဖွဲ့မထားဘဲခရီးတွေပဲသွားနေတဲ့ ပီရူးနိုင်ငံသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။စပိန်ဗိသုကာပညာရှင် Salvadorဟာ ဖခင်ပိုင်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရင်းကြယ်၇ပွင့်ဟိုတယ်တည်ဆောက်ဖို့ စီမံကိန်းနဲ့ ပီရူးနိုင်ငံကို ရောက်ရှိလာပါတယ်။တစ်ဖက်မှာလည်း ပီရူးရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီးနှောင်ကြိုးတွေမတွယ်ဘဲ ခြေသလုံးအိမ်တိုင်နေသူလေး Arianaဟာ အဒေါ်ဖြစ်သူရဲ့တည်းခိုခန်းမှာ ခဏတာအလုပ်ဝင်လုပ်နေပါတယ်။ ဘဝအခြေအနေကွာခြားလှတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် ဆုံစည်းကြတာပေါ့။Salvadorဟာ ဟိုတည်ဆောက်ဖို့ Arianaတို့ ငယ်ဘဝအမှတ်တရတွေရှိနေတဲ့တည်းခိုခန်းနေရာကိုပါ ဝယ်ယူချင်နေတော့ နဂိုက တစ်ယောက်နဲ့တစ်ယောက်အကြည်စိုက်နေကြပေမဲ့ ရန်သူတွေဖြစ်သွားကြပြန်ပါတယ်။ Arianaအနေနဲ့သဘောမကျလှပေမဲ့ ကိုယ့်တည်းခိုခန်းကိုလာတဲ့ ဧည့်သည်ဖြစ်နေတော့မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Salvadorကို အလည်အပတ်တွေလိုက်ပို့ရပါတယ်။ ရန်တကျက်ကျက်ဖြစ်ရင် ဘယ်လိုချစ်သွားကြမလဲ ဟိုတည်ဆောက်ဖို့ကိစ္စကရော ဘာဆက်ဖြစ်မလဲဆိုတာ ပီရူးနိုင်ငံကို tourတစ်ခေါက်လိုက်ပါရသလိုခံစားကြည့်လိုက်ပါဦးနော်။  File size…2.01GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard ...
movie

Without Saying Goodbye (2022)