Channel Myanmar

René Escobar Jr.

Dear David (2023)
Dear David (2023)  Horror ကားချစ်သူတွေအတွက် Dear David ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒေးဗစ်ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating က 4 ပဲရှိပေမဲ့ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာငယ်ငယ်လေးကတည်းက ကွန်ပြူတာတစ်လုံးနဲ့လိုင်းပေါ်မှာ အချိန်ကုန်နေတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကွန်ပြူတာအရမ်းသုံးလွန်းလို့သူ့မိဘတွေကပါသူ့အတွက် စိတ်ပူနေရပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ အဲ့ဒီကိစ္စနဲ့ပဲသူတို့မိသားစုမှာအဖြစ်ဆိုးတွေဖြစ်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့နောက်မှာတော့ အက်ဒမ်ဆိုတဲ့လိုင်းပေါ်မှာသတင်းတွေ အကြောင်းအရာတွေတင်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့အကောင့်ကို Dear David ဆိုတဲ့နာမည်နဲ့လာAdd ခဲ့ပါတယ်။သူ့ကိုမေးချင်တာမေးလို့ရပြီး မေးခွန်းနှစ်ခုထက်ပိုပြီး သုံးခုမမေးဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း အက်ဒမ်ရဲ့ဘဝပြောင်းလဲသွားပြီးသရဲခြောက်တာတွေခံလာရပါတယ်။စိတ်တွေလည်း ကယောင်ခြောက်ခြားဖြစ်လာခဲ့ပြီး အလုပ်တွေပါပျက်လာပါတော့တယ်။အဲ့ဒီ Dear David ဆိုတဲ့အကောင့်ကတကယ်တမ်းဘယ်သူလဲမေးခွန်းသုံးခုမေးရင်ကောဘာတွေဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB / 457MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dear David (2023)

Neon Lights (2022) 5.3
Neon Lights (2022) Neon Lights (2022) ==============ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် Thirller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Thriller ကားချစ်မြတ်နိုးသူပရိသတ်တွေ ခံစားကြည့်ရှုသင့်တဲ့ သည်းထိတ်ရင်ဖိုကားလေးတစ်ကားဆိုရင်လည်း ဒီကားကိုသာ ညွှန်းရပါဦးမယ်။Clay ဆိုတဲ့ ဉာဏ်ကြီးရှင်ဟာ ကမ္ဘာ့ခေတ်ပြောင်းတော်လှန်ရေးကျန်းမာရေး စောင့်ရှောက်မှုနည်းပညာကို တီထွင်ခဲ့တဲ့နည်းပညာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ Clay ဟာ သူ့မှတ်ဉာဏ်ထဲမှာ သူပိတ်မိနေတဲ့ စိတ္တဇရောဂါတစ်မျိုးရရှိနေသူ လည်းဖြစ်ပါတယ်။ လူတစ်‌ယောက် ဒီလိုမျိုးကိုယ့်စိတ်ထဲမှာကိုယ် ပိတ်လှောင် မိဖို့ဆိုရင် ဘယ်လောက်များတဲ့ စိတ်ဒဏ်ရာတွေကြောင့်လဲ၊ ဘယ်သူက Clay ကို ဒီလိုဖြစ်စေခဲ့တာလဲ၊ Clay တစ်ယောက် ဘယ်လိုတွေ ထပ်မံတွေ့ကြုံခံစားရမလဲ ဆိုတာကို ခံစားရင်ခုန်ပေးလို့ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်ကြီး Clay ဘယ်လိုတွေဖြစ်လာမှာလဲ၊ သူ့ရဲ့ကိုယ်ပိုင်စိတ် အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ Neon Lights 2022 ကားလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.26 GB) / (509 MB) / (290 MB) Quality............WebRip 1080p / 720p ...
movie

Neon Lights (2022)

2022