Channel Myanmar

Rene Rivera

Love in the Limelight (2022) 6.5
Love in the Limelight (2022)  ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာအမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmesနဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက်ရေးသားထားပြီး Alexa PenaVega နဲ့ CarlosPenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာနာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်းပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်းသီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်းမရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake Cityကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင်အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာတကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ်ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကိုနှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေကအရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle ...
movie

Love in the Limelight (2022)

It Could Happen to You (1994) 6.4
It Could Happen to You (1994) IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but goldရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ ...
movie

It Could Happen to You (1994)

Disturbia (2007) 6.8
Disturbia (2007)  မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Disturbia (2007)

Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

Bordertown (2006) 6.1
Bordertown (2006) Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်​ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မ​​ကောင်းတဲ့ အစိုးရရဲ့ လက်​အောက်မှာ အမျိုးသမီး​တွေ ​ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှု​အသက်​တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie

Bordertown (2006)

2006