Channel Myanmar

Resh Lamba

Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Haddi (2023) 8.5
Haddi (2023) Haddi (2023) IMDb - 8.5/10ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။ အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေ အနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်း ဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့ အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာ ဘာကြောင့်များလဲ...ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ....။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်) File size…4.8GB / 2.39GB / 1.2GB Quality…4k HEVC ZEE5 WEB DL / ...
movie

Haddi (2023)

2023
4K HEVC
Dybbuk(2021) 7.3
Dybbuk(2021)             Dybbuk 2021Horror ကားကြိုက်သူတွေအတွက် IMDb 7.3 ရထားပြီးတော့အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကား​လေးနဲ့ မိတ်ဆက်ပေးပါရစေ...သရုပ်ဆောင်ပိုင်းမှာလည်း Emraan Hashmiလိုဘောလိဝုဒ်နာမည်ကြီးမင်းသားပါဝင်ထားးလို့ အတော်လေးမိုက်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------------ဆမ်နဲ့မာဟီတို့က လက်ထပ်ခါစဇနီးမောင်နှံတွေပါ ကိုယ်ဝန်ပျက်ကျထားတဲ့ဇနီးသည်ကိုစိတ်အပြောင်းအလဲ ဖြစ်စေဖို့ရယ် သူရဲ့အလုပ်အတွက်ကြောင့်လူတိုင်းအပန်းဖြေဖို့ခရီးထွက်လေ့ရှိကြတဲ့ မာရူသစ်ကို ပြောင်းရွေ့လာကြပါတယ်စိတ်အပြောင်းအလဲဖြစ်ဖို့ ပြောင်းရွှေ့လာပေမယ့် အိမ်မှာထူးဆန်းတဲ့အရိပ်အယောင်တွေဖြစ်လာတဲ့အပြင် ဇနီးသည်အပြုအမူတွေကပါထူးဆန်းနေပါတော့တယ် အစကတော့ ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျခါစမို့သွေးလေခြောက်ခြားပြီးဖြစ်တယ်လို့ဆိုပေမယ့် တကယ့်အကြောင်းအရင်းကိုသိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မှာလဲ နာမည်အရ Dybbukဆိုတာကကော ဘာကိုဆိုလိုတာလဲ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးမို့လို့ဆက်လက်စောင့်ကြည့်ပေးပါဦး  File size…1.7GB / 1GB Quality…1080p True HD  / 720p  Format…Mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae Sone & Lai Laii
movie

Dybbuk(2021)

2021