Channel Myanmar

Restu Triandy

The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Perjanjian Gaib (2023) 8.4
Perjanjian Gaib (2023) Perjanjian Gaib 2023 (သို့) ငွေနောက်လိုက်လူမိုက်များ IMDb-8.4/10 ညဆို စောင်ခေါင်းမြီးခြုံပြီး သရဲကားလေးကြည့်ရမှဇိမ်ရှိသူတွေအတွက် 2023ထွက် အင်ဒိုသရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ အင်ဒိုသရဲကားတွေ နောက်ပိုင်းမှာ အဆင့်မြင့်လာပြီး ratingကောင်းလာကြပြီဆိုတော့ ဒီကားလေးလည်း ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ အန်ဒရီနဲ့ဝတီတို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီကပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင် အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့်လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်းလခအရမ်းများနေတဲ့ အဘွားအိုကိုစောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံး‌ဆီ ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့်အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းကို Alexမှရေးသားပြီး ဘာသာပြန်ကတော့ ToMo ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်) File size…611MB Quality…720p WEB DL Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ Yunni ~ Alex
movie

Perjanjian Gaib (2023)

2023
Balada Si Roy (2023) 7.4
Balada Si Roy (2023) Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်....     File Size      ...
movie

Balada Si Roy (2023)