Channel Myanmar

Rhys Coiro

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Who Invited Charlie? (2023)
Who Invited Charlie? (2023) Who invited Charlie? (2023)တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့....ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. ...
movie

Who Invited Charlie? (2023)

Straw Dogs (2011) 5.8
Straw Dogs (2011)  1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့‌ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်‌ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူ‌‌တွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်‌ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး.............  File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Straw Dogs (2011)

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

One Way (2022) 3.8
One Way (2022)   မိဘ ဆိုတာသားသမီးတွေအတွက် ရနိုင်သမျှအကောင်းဆုံး ပေးချင်ကြတာပါ သူတို့အတွက် မဟုတ်ရင်တောင် သားသမီးတွေအတွက်ဆိုရင်တော့ မရှက်မကြောက်ကို လုပ်ပေးတတ်တဲ့ သူမျိုးတွေပေါ့ ဒါပေမဲ့ မိဘတိုင်းတော့ မဟုတ်ပြန်ပါဘူး တချို့သူတွေကတော့ တစ်ကိုယ်ကောင်းဆန်ရင် သားသမီးတွေကိုတောင် ထည့်မတွက်နိုင်တော့လောက်အောင်ကို ဆန်တတ်တဲ့သူမျိုးတွေပါပဲ ဒီကားလေးထဲမှာတော့ အဲဒီလိုမျိုး မိဘနှစ်မျိုးလုံးကို တစ်ခါတည်း တွေ့နိုင်ပါတယ်ဖရက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ လူမိုက်ဂိုဏ်းဆီကနေပဲ ပိုက်ဆံတွေနဲ့ ဘိန်းဖြူတွေကိုခိုးပြီး ထွက်ပြေးခဲ့တာပါ ခိုးမဲ့အစီစဉ်ထဲမှာတော့ ၃ယောက်ဆိုပေမဲ့ တစ်ယောက်ကိုဖမ်းမိ သူလည်းသေနတ်ဒဏ်ရာရ သူတို့ကိုစောင့်နေတဲ့ ကားသမားကလည်း သေနတ်သံကြားလို့ထွက်ပြေးရင်း ကိုင်ရို ဆီသွားမဲ့ ဘတ်စ်ကားပေါ် ရောက်ခဲ့တာပါ သေနတ်ဒဏ်ရာနဲ့ ဖရက်ဒီတစ်ယောက် ကားပေါ်မှာ ဘာတွေများဆက်ဖြစ်မလဲ ပိုက်ဆံတွေနဲ့ဘိန်းဖြူတွေကရော ဘယ်သူ့ဆီကနေခိုးလာခဲ့တာလဲ ဘယ်သူ့အတွက်သူဒီလောက်ထိစွန့်စားရတာလဲ သူအားကိုးတဲ့ အဖေကရော ဘယ်လိုဆက်ဆံမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဗျာ.......File size…(1.54gb)/(724MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Thriller Subtitle….Myanmar ...
movie

One Way (2022)

Agent Game (2022)
Agent Game (2022) Agent Game (2022)မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie

Agent Game (2022)

Hustlers (2019) 6.4
Hustlers (2019) (Unicode)ဒီကားလေးကတော့ IMDb 6.5/10 Rotten Tomatoes 88% Google User 77%တောင်ရတထားတဲ့ DRAMA/COMEDY/THRILLER/CRIME ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.ဒီကားလေးမှာတော့ ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ကိုပညာပေးအနေနဲ့ ရိုက်ကူးတင်ပြထားပါတယ်.ဒီကားမှာ နာမည်ကြီး အဆိုတော် Jennifer Lopez ပါ၀င် သရုပ်ဆောင်ထားပြီး တခြား အနုပညာရှင် များစွာလဲ ပါ၀င်ပါတယ်.ဒီကားလေးက ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ ခက်ခဲကြမ်းတမ်းမှုတွေ , မိသားစု အဆင်မပြေမှုတွေကို ရိုက်ကူးတင်ပြထားပါတယ်.ဝေါစတရိက လူတွေကို အားကိုးပြီး စီးပွားရှာနေရတဲ့ သူတို့လေးတွေဟာ အမေရိကန် စီးပွားရေးအလှည့်အပြောင်းကြောင့်စီးပွားရေးပျက်စီးသွားရတဲ့အခါ ဘယ်လို ဘ၀ကို ရင်ဆိုင်ပြီး ဘယ်လို ချမ်းသာလာအောင် လုပ်တယ်ဆိုတာကို စိတ်၀င်တခြားကြည့်ရှုရမှာပါ .....က ဖော်ချွတ်အကမယ်ကားဆိုပေမယ့် ၁၈+ ဇာတ်၀င်ခန်းတွေ မပါတဲ့အတွက် အသက်အရွယ်မရွေးကြည့်နိုင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

Hustlers (2019)

Finding Steve McQueen(2018) 6.4
Finding Steve McQueen(2018) Finding Steve McQueen(2018)IMDb....6.3ဒီဇာတ်​ကား​လေးက​တော့ အ​မေရိကန်​ နိုင်​ငံက "United California" ဘဏ်​​ဖောက်​ထွင်​းခံရမှုကို အ​ခြေခံရိုက်​ကူးထားတဲ့ ဖြစ်​ရပ်​မှန်​ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ ဇာတ်​လမ်​းအစမှာ FBI က SteveMcQueenဆိုတဲ့ လူတစ်​​ယောက်​ကို အသည်​းအသန်​ လိုက်​ရှာ​နေပြီး တစ်​ဖက်​မှာလည်​း SteveMcQueen က သူ့ကို FBI ကဘာ​ကြောင်​့ အလိုရှိ​နေရတယ်​ဆိုတဲ့အ​ကြောင်​း သူ့​ကောင်​မ​လေးကို ရှင်​းပြ​နေပုံနဲ့ စတင်​ထားပါတယ်​။ အ​မေရိကန်​သမ္မတ Nixon ရဲ့ တရားမဝင်​လုပ်​ငန်​း​တွေမှာသုံးဖို့ ဘဏ်​မှာထား ထားတဲ့ ရန်​ပုံ​ငွေကိုမှ​ဖောက်​ထွင်​းဖို့ ကြံစည်​ခဲ့တဲ့ ဓားပြအဖွဲ့အ​ကြောင်​းကို ရိုက်​ကူးထားတာပဲ ဖြစ်​ပါတယ်​။ ​ငွေဖြူ မဟုတ်​တာ​ကြောင်​့ သူတို့ကို အ​ရေးယူလို့ မရ​လောက်​ပါဘူးဆိုတဲ့ အကြံနဲ့ ဓားပြတိုက်​ခဲ့ကြ​ပေမယ်​့လည်​းအစိုးရဖက်​က စုံစမ်​းစစ်​​ဆေး​ရေး​တွေကို ပြင်​းပြင်​းထန်​ထန်​ လုပ်​လာတဲ့အခါမှာ​တော့ ဘယ်​လို​မျိုး စိတ်​ဝင်​စားစရာအ​ကြောင်​းအရာ​တွေ ဖြစ်​လာမလဲဆိုတာက​တော့ ရုပ်​ရှင်​ကိုပဲ ဆက်​လက်​ခံစားကြည်​့လိုက်​ကြပါ​နော်​...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်...File Size : (850MB) and (306 MB) Quality : ...
movie

Finding Steve McQueen(2018)

2018