Channel Myanmar

Rica Gonzales

[18+] Dayo (2024) 5.2
[18+] Dayo (2024) [18+] Dayo (2024)=============အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား?ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:58:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Dayo (2024)

Kapalit (2024) 6.4
Kapalit (2024) အော်ဒရေးက တစ်ချိန်မှာတိုင်းတစ်ပါးကိုအလုပ်သွားလုပ်ဖို့စိတ်ကူးယဉ်ကြိုးစားနေတဲ့ သူနာပြုမလေးပါ။လတ်တလောမှာတော့ နိုင်ငံခြားသွားဖို့ချိတ်ထားတဲ့အလုပ်ရှာဖွေရေးအေဂျင်စီက အလိမ်ကုမ္ပဏီတစ်ခုဆိုတာ သိလိုက်ရပြီး ရရာအလုပ်ဖြစ်တဲ့ အိမ်ကြီးတစ်လုံးမှာ မေ့ဆေးဆရာဝန်ရဲ့ဇနီးသည်ကိုပြုစုစောင့်ရှောက်ပေးရသူအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။မကျန်းမာတဲ့ဇနီးသည်ကို အစစအရာရာ၀တ္တရားကျေလွန်းတဲ့၊အောင်မြင်ချမ်းသာရုံမက ရုပ်ရည်ပါပြည့်စုံတဲ့ အိမ်ရှင်အမျိုးသားဖြစ်သူကို သဘောကျသထက်ကျလာတဲ့ အော်ဒရေးဟာ အဲ့ဒီလူကိုအပိုင်ရထားတဲ့ သူ့ဇနီးသည် ဒေမီကို မနာလိုစပြုလာတယ်။အဲ့ဒီကနေ အလုပ်ရှင်သူဌေးကို သူ့ဘ၀ထွက်ပေါက်တစ်ခုအဖြစ်မြင်လာတဲ့ နောက်ဖြစ်တဲ့နည်းနဲ့ဝင်အောင်းဖို့ကြံစည်မိချိန်မှာ..။( အညွှန်းရေးသားထားသူကတေ့ာ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:52:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Kapalit (2024)

[18+] Mapanukso (2024) 5.5
[18+] Mapanukso (2024) ကာလိုက ဘားတစ်ခုမှာ အကသမားအဖြစ် အလုပ်လုပ်ပါတယ်။လူသိမခံချင်တဲ့ ဩဇာကြီး လူ့မလိုင်အလွှာက ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ စိတ်လွတ်ကိုယ်လွတ်အပျော်ရှာဖို့ဖွင့်ထားတဲ့ ဘားဖြစ်ပြီးငွေပေးနိုင်ရင် ဘာမဆိုအကုန်ရပါတယ်။ကာလိုနဲ့အတူအလုပ်လုပ်နေတဲ့ တစ်ခြားလူငယ်တွေ အများကြီးရှိပြီး အားလုံးဟာ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ။ဒီဇာတ်ကားမှာတော့ သူတို့တွေအလုပ်သဘောအရဆက်ဆံနေရတဲ့အမျိုးသမီးတွေက တစ်ဖက်၊ ကိုယ့်အိမ်သူ၊ချစ်သူတွေကတစ်ဖက်နဲ့ ဝါသနာနဲ့အလုပ်ကြား မျှတအောင်ထိန်းကျောင်းနေရတဲ့ ဘ၀တွေကိုတွေ့မြင်ရပါမယ်။သူတို့နဲ့ပတ်သက်ဆက်ဆံနေရတဲ့ အထက်တန်းစားအမျိုးသမီးတွေဟာ သူတို့ဘ၀ကိုကောင်းနေချိန်မှာမြှင့်တင်ပေးနိုင်သလို အမြင်မကြည်ချိန်မှာပဲ အသက်ကိုပါရန်ရှာတဲ့အထိဒုက္ခပေးနိုင်လို့ပါပဲ။( အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:36:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Mapanukso (2024)

[18+] Dilig (2024)
[18+] Dilig (2024) Dilig (2024)ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက် အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား... အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား... ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.15GB Quality - 1080p Format - mp4 Duration - 50Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie

[18+] Dilig (2024)

2024
[18+] Hibang (2023) 8.5
[18+] Hibang (2023) Hibang (2023)အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax's Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - ...
movie

[18+] Hibang (2023)

2023